<div style='background-color: none transparent;'></div>

Home » » ထူးထူးဆန်းဆန်း တိုက်နှစ်လုံးကြားထဲညပ်၍ ပြန်ထွက်မရသူအမျိုးသမီး

ထူးထူးဆန်းဆန်း တိုက်နှစ်လုံးကြားထဲညပ်၍ ပြန်ထွက်မရသူအမျိုးသမီး

အမေရိကန်ပြည်ထောင်စု အော်ရီဇွန်ပြည်နယ်မှ အမျိုးးသမီးတစ်ယောက်သည် ၈လက်မမှ ၁၀လက်မအထိသာ အကျယ်ရှိသော တိုက်ကြားထဲသို့ အပေါ်ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပုံရ၍ လေးနာရီခန့်ကြာအောင် ပိတ်မိနေခဲ့ပြီး ရဲ၊ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများမှ ခက်ခက်ခဲခဲအားထုတ် ကယ်တင်ခဲ့ရသည်။မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီး မည်ကဲ့သို့ ယခုလိုတိုက်နှစ်လုံးကြားထဲ ညပ်ခဲ့ရကြောင်း အတိအကျမပြောနိုင်ဟု ဆိုကြသည်။


ကွန်ကရစ်အုတ် တိုက်နှစ်လုံး၏ကြားမှ ထိုအမျိုးသမီးကို လေအိတ်များ၊ ချောဆီများနှင့် အခြားထောက်ကူ ကိရိယာများ အသုံးပြု၍ ကယ်တင်ခဲ့ကြရသည်။ ကယ်ဆယ်ရေးသမားများ ရောက်ရှိချိန်တွင် အမျိုးသမီးမှာ မြေပြင်အထက် တိုက်နှစ်လုံးကြား လေးပေအမြင့်တွင် ညပ်နေခြင်းကိုတွေ့ခဲ့ရသည်။ ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီးလွတ်မြောက်ရန် ထောက်ကူပစ္စည်းများ သာမက ကွန်ကရစ်နံရံကိုပါ အနည်းငယ် ဖြတ်တောက်ခဲ့ရသေးသည်။
,ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map