<div style='background-color: none transparent;'></div>

Home » » လေယာဉ်မှုး၏ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် Air Bagan လေယာဉ်ပျက်ကျရကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ထုတ်ပြန်

လေယာဉ်မှုး၏ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် Air Bagan လေယာဉ်ပျက်ကျရကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ထုတ်ပြန်


Air Bagan လေယာဉ်ပျက်ကျရခြင်းသည် ကပ္ပတိန်၏ဆုံးဖြတ်ချက် နှောင့်နှေးမှုကြောင့်ဖြစ်သည်ဟု ယူဆရကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဥက္ကဌ ဦးဝင်းဆွေထွန်းမှ ပြောသည်။
Air Bagan လေယာဉ်ပျက်ကျသောအချိန်သည် ဆင်းသက်ရမည့် နေရာတစ်ခုလုံး မြူများနှင့် ဖုံးလွှမ်းနေသည်မဟုတ်ဘဲ လေယာဉ်ဖြင့်ဝင်တိုက်မိရာ ဓါတ်အားလိုင်းရှိသည့် သစ်တောအုပ်နေရာ၌သာ

မြူများပိတ်ဆို့နေခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်တွင် ကပ္ပတိန်သည် လေယာဉ်ကို ရန်ကုန်- မန္တလေးအထိသာ ကိုယ်တိုင်မောင်းနှင်ပြီး မန္တလေးမှဟဲဟိုးအထိ FO အား ပျံသန်းခွင့်ပေးအပ်ခဲ့သည် ဟု

၎င်းကပြောသည်။
FO များကို ပျံသန်းခွင့်အား ကပ္ပတိန်မှ ပေးအပ်ပိုင်ခွင့်ရှိသည်။ သို့သော် ကပ္ပတိန်၏ဆုံးဖြတ်ချက်သည်သာ လေယာဉ်မောင်းနှင်မှုတွင် အဓိကဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
"မြူတွေကို ဖြတ်ကျော်ရမယ်ဆိုပြီးးတော့ မြေပြင်နှင့် ဆက်သွယ်ပြောဆိုထားတာရှိတယ်၊ သူတို့ဆက်သွယ်ပြောဆိုနေစဉ်မှာ လေယာဉ်က ပေ ၅၀၀ အထက်မှာရှိတယ်။ အဲ့ဒီအချိန်မှာ



လေယာဉ်မှုးဆုံးဖြတ်ချက် အဓိကလိုအပ်နေတာ၊ ပေ ၅၀၀ ကနေ အခုလိုဝင်တိုင်မိချိန်ဟာ ၃၅ စက္ကန့်ပဲကြာတယ်" ဟု ဦးဝင်းဆွေထွန်းက ပြောသည်။
အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှုး၏ မှားယွင်းခြင်း သေချာခိုင်မှာသည်ဆိုပါက ယောဉ်ပျံသန်းခွင့် လိုင်စင် ရုတ်သိမ်းခြင်း၊ ရာထူးအဆင့်ချခြင်း၊ မွမ်းမံသင်တန်းများ ပြန်လည်တက်ရောက်စေခြင်း

စသည့်ပြစ်ဒဏ်မျိုး ချမှတ်နိုင်သည်ဟု သိရသည်။

စုံစမ်းရေး ကော်မရှင်အဖွဲ့အနေဖြင့် လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကိုသာ ဖော်ထုတ်ရခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းကို ဝန်ကြီးဌာနမှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း

သိရသည်။ အဲပုဂံ လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ ယခင်နှစ်ဒီဇင်ဘာလက ဆင်းသက်စဉ်ပျက်ကျခဲ့ပြီး ထိုပျက်ကျမှုနှင့်ပတ်သက်၍ သိရှိနိုင်
ရန် လေယာဉ်၏ Black Box အား သြစတြေးလျနိုင်ငံသို့ ဇန်နဝါရီ ၁၈ ရက်တွင် ပို့ဆောင်စစ်ဆေးခဲ့ပြီး တစ်ပတ်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် Data အချက်အလက်များရရှိခဲ့သည်။

ဝေယံမိုးမြင့်
popular myanmar news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map