<div style='background-color: none transparent;'></div>

Home » » သမ္မတက KIA ကို ငြိမ်းချမ်းရေးစကား ပြောကြားလို

သမ္မတက KIA ကို ငြိမ်းချမ်းရေးစကား ပြောကြားလို

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း အပေါ် သမ္မတ ဦးသိန်းစိန်က  KIA ကို ငြိမ်းချမ်းရေးစကား ပြောလိုကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသော မြန်မာ့ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်တွင် မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားလိုက်သည်။

ယမန်(ဇန်နဝါရီ ၁၈ ရက်)နေ့က ထုတ်ပြန်ထားသည့် ကြေညာချက် အတိုင်း အကန့်အသတ်ဖြင့် လုပ်နေရသည့် တပ်မတော်၏ လှုပ်ရှားမှု များကို ရပ်ဆိုင်းဖို့ အမိန့် ပေးထားပြီး ဖြစ်ပြီး KIA ဘက်မှလည်း အပစ်ခတ် ရပ်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြား လိုက်သည်။
တပ်မတော်သည် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက် အတိုင်း ယနေ့နံနက် ၆နာရီ မှစတင်ပြီး လဂျားယန် ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေး များကို ရပ်ဆိုင်းမည် ဖြစ်ပြီး မိမိကိုယ် မိမိ ခုခံ ကာကွယ်ရန် မှအပ ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာ သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်ပြု ပြောကြားကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန် ထားသည်။

မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှု များကို လဂျားယန် ဒေသတွင် သာမက ကချင်ဒေသ အနှံ့ တွင် ရပ်ဆိုင်း သင့်ကြောင်း နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက် များမှတဆင့် ရှေ့ အလား အလာကောင်း များ ဖေါ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း ကေအိုင်အို ဗဟို ကော်မတီ ကလည်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။
ယနေ့ နံနက်၎ နာရီ ဝန်းကျင်တွင်မူ ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းကို ကေအိုင်အေ ရှေ့တန်းတပ်များက လာရောက် တိုက်ခိုက်ခြင်း ကြောင့် ရဲတပ်ဖွဲ့ဝင် များက နံနက် ၇ နာရီကျော် ထိခုခံ တိုက်ခိုက် နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှု ကွန်ယက် အင်တာနက် စာမျက်နှာ ဖြစ်သော ရဲဇာနည် တွင် ဖော်ပြထားသည်။
the voice weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map