<div style='background-color: none transparent;'></div>

Home » » City FM ဆုရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း ဘန်နီဖြိုး ဖွင့်ဟ

City FM ဆုရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း ဘန်နီဖြိုး ဖွင့်ဟ



ဇန်နဝါရီ ၅ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ City FM ဆုပေးပွဲကြီး မှာ သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသား အဆိုရှင်ဆုကို ရရှိခဲ့တဲ့ သူကတော့ ဘန်နီဖြိုးပဲဖြစ်ပါတယ်။ ပရိသတ်တွေက သီချင်း အများဆုံး တောင်းဆိုပေးတဲ့အပေါ်အဆိုတော် ဘန်နီဖြိုးက..
”ပရိသတ်တွေ သီချင်းတောင်း ဆိုပေးလို့ရတဲ့ဆုပါဗျာ။ အဲဒီ အတွက် ကြောင့် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့အခွေတွေ၊ အောင်မြင်မှု တွေထက် ပရိသတ်ရဲ့ အချစ်တွေရ တယ်လို့ ထင်တယ်။ ကျေးဇူးလည်းတင် တယ်။ သူတို့ ကြိုက်တဲ့ သူတို့ရဲ့ခံ စားချက်တစ်ခု က ကျွန်တော့်ရဲ့ဘဝကို ဂီတမှတ်တမ်းလေး တစ်ခုဖြစ်စေ တယ်”လို့ ပြောပါတယ်။ FM ကပေးတဲ့ဆုတစ်ဆုကိုရရှိ သွားတဲ့အတွက် ပိုပြီး တာဝန်ကြီး သွားတယ်လို့ ထင်လားဆိုတာကို တော့..


”တာဝန်ကတော့ ကြီးတာပေါ့ ဗျာ။ ဆုတွေရသည်ဖြစ်စေ၊ မရ သည် ဖြစ်စေ တစ်နှစ်ထက်တစ်နှစ် တာဝန် ကတော့ ပိုပိုကြီးတာပါပဲ။ ကျွန်တော့် အနေနဲ့ ဆုရဖို့မျှော်လင့်ဖို့ နေနေ သာသာအဲဒီအခွေမှာပါတဲ့ သီချင်းကို မမီမီအောင် ကြိုးစားထားရတာပါ ဗျာ။ ခရီးသွားရမယ့်ရက်တွေတိုက် နေလို့လေ။ ၂ ပတ်အတွင်း ကျွန် တော့် ဘာမှ လုပ်ဖို့အချိန် မရှိဘူး။ အဲဒီသီချင်း ကိုကောင်း အောင်လုပ် ဖို့ပဲရှိတယ်။ သီချင်းအတွက်ပဲ သော ကများနေခဲ့တာပါ” လို့ပြောပါတယ်။

ဘန်နီဖြိုးက သူ့အနေနဲ့ အောင် မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာ ထက် ကိုယ့်လုပ်ချင်တာ လုပ်ခွင့် ရတဲ့ အတွက်ပဲ ပျော်နေတာ ဖြစ်ကြောင်း၊ အအောင်မြင်ဆုံးနှစ်ရယ်၊ မအောင် မြင်ခဲ့တဲ့ နှစ်ရယ်ဆိုတာမျိုးတော့ မတွေး ထားကြောင်း၊ ဒီနေ့လုပ်မယ့် အလုပ် ထက် မနက်ဖြန်လုပ်မယ့် အလုပ် ကို ပိုကောင်း အောင်ပဲလုပ်မှာဖြစ်ကြောင်း၊ဒီနှစ် ဒီလောက် အောင်မြင်နေ ရင် နောက်နှစ် ပိုကောင်း အောင် ကြိုးစားရမှာဖြစ်ကြောင်း ဘန်နီဖြိုး က ပြောပါတယ်။

ဘန်နီဖြိုးရဲ့ ၂ဝ၁၃အစီ အစဉ်ကို မေးတော့..
”ကျွန်တော်လုပ်ချင်တဲ့ အစီအစဉ်က တော့ အများကြီးရှိပါတယ်။ အဲဒါကြောင့် အဲဒီအစီအစဉ်တွေကို အကောင်အထည် ဖော်ရမယ်။ အခု ဒုတိယအခွေ စလုပ် နေပါပြီ ။နောက်ထပ်အသစ်ထွက်မယ့် အခွေ အတွက် သီချင်းတွေ ပြန်ဖန်တီးဖြစ်နေ တယ်။ ကျွန်တော့်အခွေ ဗီစီဒီလုပ်တုန်း ကဆိုရင် မတီးဖြစ်ဘူး။ ပုံမှန်လုပ်ဖြစ်နေကျ ဖြစ်တဲ့ ရှိုးပွဲတွေမှာတော့ ဆိုဖြစ်မှာပါ”လို့ ပြောပါတယ်။

ယွန်းလင်္ကာ
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map