<div style='background-color: none transparent;'></div>

Home » » ငွေကျပ် ၆၆၆ သိန်း ခိုးပြေးသော အငှားယာဉ် မောင်းအား နှစ်ပတ်အကြာတွင် ဖမ်းမိ

ငွေကျပ် ၆၆၆ သိန်း ခိုးပြေးသော အငှားယာဉ် မောင်းအား နှစ်ပတ်အကြာတွင် ဖမ်းမိ

ကားစက် ပျက်သွားသည် ဆိုသောကြောင့် ဘဏ်မှ ငွေထုတ် လာသော ခရီးသည်နှစ်ဦးက ဆင်း၍ တွန်းပေးနေစဉ် ကားပေါ်ပါ ငွေကျပ် ၆၆၆ သိန်းအား မောင်းနှင်ထွက်ပြေးသွားသော တက္ကစီယာဉ်မောင်းအား ရက်သတ္တပတ်နှစ်ပတ်အကြာတွင် ကမာရွတ်ရဲစခန်းမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိသော ယာဉ်မောင်းသိုးကိုကိုမောင်သည် (၄၁)တိုးချဲ့ရပ်ကွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ဇနီးဖြစ်သူ မစန္ဒာဦးနှင့်အတူ နေထိုင်ပြီး ခိုးယူသွားသော ငွေများဖြင့် သိန်းသုံးရာတန် အယ်လ်ဖတ်ယာဉ်တစ်စီးနှင့် ရွှေနန်းတော်၊ အောင်သမာဓိရွှေဆိုင်များမှ ရွှေ၊ ငွေ လက်ဝတ်ရတနာ ကျပ်သိန်း ၇၀ ဖိုး ၀ယ်ယူခဲ့ကာ၊ အဖမ်းမခံရမီ မိသားစုနှင့်ခရီးထွက်ခဲ့သေးသည်။ ထို့ကြောင့် ဇန်န၀ါရီ ၂၀ ရက် နံနက် ၁၁ နာရီကျော်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ ၎င်းအားဖမ်းဆီးရမိခဲ့ရာ ၎င်းတို့နှင့်အတူ ၅င/xxxx အယ်လ်ဖတ်ယာဉ်တစ်စီး၊ ၄ ကျပ် ၄ ပဲသားရှိ လက်ကောက် ၁၆ ကွင်း၊ ၂ ကျပ်သား ရွှေလက်စွပ် ၂ ကွင်း၊ ၃ ကျပ်သား ဆွဲကြိုးအကြီးတစ်ကုံး၊ ၁ ကျပ် ၈ ပဲသား ဟန်းချိန်းတစ်ခု၊ ၁ ကျပ် ၁၀ ပဲရှိ ရွှေဆွဲကြိုးတစ်ကုံးနှင့် ငွေစက္ကူရောရော ကျပ် ၆၄ သိန်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ဇန်န၀ါရီ ၇ ရက်က သလ္လာမွန်ပဲကုမ္ပဏီကိုယ်စားလှယ် ကိုအောင်ဇေယျသည် သူငယ်ချင်းဖြစ်သူ ကိုနှင်းမောင်မောင်နှင့်အတူ ကမာရွတ်မြို့နယ် ပြည်လမ်း ကမ္ဘောဇဘဏ်မှ ငွေကျပ် ၆၆၆ သိန်းအား ထုတ်ယူ၍ ဘဏ်အနီးရှိ ချယ်ရီဝက်ဂွန်တက္ကစီအငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ရာ ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ကားစက်ပျက်သွားသည်ဆို၍ ပိုက်ဆံထုပ်ကို ကားပေါ်တွင်ထားကာ ကားဆင်းတွန်းပေးနေစဉ် အဆိုပါယာဉ်မောင်း သိုးကိုကိုမောင်က မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်သည်။
7days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map