<div style='background-color: none transparent;'></div>

Home » » အနုပညာသမား ဖြစ်ရတာ ဂုဏ်ယူတယ် ဆိုတဲ့ သက်မွန်မြင့်"

အနုပညာသမား ဖြစ်ရတာ ဂုဏ်ယူတယ် ဆိုတဲ့ သက်မွန်မြင့်"


ဇာတ်ရုပ် မျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်ပြီး ပရိသတ် တွေရဲ့ အားပေး မှု အခိုင်အမာ ရရှိထားတဲ့ သက်မွန်မြင့် က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ချစ်ခြင်းများ နဲ့အတူ” ဇာတ်ကားကို ဟိန်းဝေယံနဲ့ သရုပ်ဆောင် နေပါတယ်။ ဒီ ဇာတ်ကားမှာ သက်မွန်မြင့်က ကလေး ရူးတဲ့ အရူးမ တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ၂ဝ၁၂ အတွင်းမှာ လည်း ဇာတ်လမ်း မျိုးစုံ ရိုက်ဖြစ်ခဲ့ကြောင်း ပြောတဲ့ သက်မွန်မြင့်က ဇာတ် ကားတွေ ထွက်လာရင်လည်း ပရိသတ်တွေ ဆီက အသံကို အမြဲ နားစွင့်ဖြစ် ကြောင်းပြောပါတယ်။ “သက်မွန် ၂ဝ၁၂၊ တစ်နှစ်လုံးစာ ဆို ရင် တော့ ဇာတ်လမ်းက တော်တော် စုံသွားပါသည်။ ကားအရေ အတွက်တော့ မမှတ်မိဘူး ။ ၂ဝ၁၂မှာ တစ်လကို ဘယ်နှကား ရိုက်မယ် ဆိုပြီးတော့ တိတိကျကျတော့ မရှိခဲ့ပါဘူး။ ကိုယ်တွေက ကားကြီး ရိုက်ရင် ဗီဒီယို ဘက်လျော့သွားတယ်။ တကယ်လို့ ကားကြီး ရိုက်ဖို့ မရှိတော့ရင် ဗီဒီယိုဘက် ပိုရိုက်ဖြစ်ခဲ့တယ်။ သက်မွန် ကားလေးတွေ ထွက်လာရင်လည်း ပရိသတ်တွေဆီက စကားသံ နားထောင် ဖြစ်တယ်။ ပရိသတ်တွေ က သက်မွန် ၂ဝ၁၂ မှာ ထွက်လာတဲ့ ကားတွေကို သဘောကျတာ များတယ်။ ပြီး တော့ ဘယ်ကားမှာ ဘယ်လိုမျိုး သရုပ်ဆောင်ရင် ကြိုက်တယ်၊ နောက် ဘယ်ကားမှာ လိုအပ်လဲ ဆိုတာကို

သူတို့ပြောတာတွေကို နားစွင့်တယ်” လို့ပြောပါတယ်။ လူတိုင်းလူတိုင်းဟာ မတူညီတဲ့ အခက်အခဲ မျိုးစုံ ရင်ဆိုင် ရတတ်လေ့ ရှိ ပါတယ် ။ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေရတဲ့သူတွေ အထဲမှာမှ အနုပညာရှင်တွေကလည်း သူတို့ရဲ့ အခက်အခဲ ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြလဲ ဆိုတာကို ပရိသတ်တွေ အနေနဲ့ စိတ်ဝင်စားကြ မှာဖြစ်ပါတယ်။ အောင်မြင်မှု ရရှိထားတဲ့ သက်မွန်မြင့် ကလည်း အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေတဲ့ အခါမှာ ကိုယ်က အနုပညာ သမား တစ်ယောက် ဖြစ်ရတဲ့ အတွက် ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ရှိနေတာကို မြင်ရတော့ ကိုယ့်ကိုယ်ကိုယ် အနုပညာ သမားဖြစ်ရတာ ဂုဏ်ယူကြောင်းပြော ပါတယ်။ “တစ်ခါတလေကျ ရင် အနုပညာသမား ဖြစ်ရတာတအား ဂုဏ်ယူ တယ်။ ဒီလို အခက်အခဲနဲ့ ကြုံတွေ့လာလို့ အားငယ်နေတဲ့ အချိန်မှာ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ ရှိနေတာ ဆုလာဘ် တစ်ခုပါပဲ။ ကိုယ့်ကိုအားပေး တဲ့ ပရိသတ်တွေ ရှိနေကြတဲ့ အတွက် သက်မွန် ပြန်ကြိုးစားချင်တဲ့ စိတ်ဖြစ်ပေါ်တယ်”လို့ပြောပါတယ်။ အခု အောင်မြင်မှု ရရှိနေတဲ့ သက်မွန်မြင့် နဲ့ အရင်တုန်းက သက်မွန်မြင့် ဘာတွေ ကွာခြား မှုရှိသွား မလဲဆိုတော့ “သက်မွန်တို့ ဒီလိုအနုပညာသမား ဆိုတာက ကျောင်းသားလိုပါပဲ။ တစ်တန်း ပြီး တစ်တန်း ဖြတ်သန်းလာရတယ်။ အတန်းမြင့်မြင့် လာတာနဲ့ ယူရတဲ့ တာဝန်က ပိုကြီးလာတယ်။ ပရိသတ်တွေ အားပေးလာပြီး နေရာ တစ်နေရာ လည်း ရလာပြီ ဖြစ်တဲ့ အတွက် ယူရတဲ့တာဝန်က ပိုကြီးလာတယ်။ ယူရတဲ့ တာဝန် ပိုကြီး လာတာနဲ့အမျှ ကိုယ့်ရဲ့ကြိုးစားမှု ကလည်း ပိုအားစိုက်ထုတ် ရပါတယ်” လို့ပြော ပါတယ်။

တွယ်တာ
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map