<div style='background-color: none transparent;'></div>

Home » » ကိုယ်တိုင်မိခင်ဘ၀ရောက်လာမှအမေဆိုတာ ကိုယ့်သားသမီးအပေါ်ပေးဆပ်သူသက်သက်ဆိုတာသိလာတယ် ဆိုတဲ့အမေများနေ့အမှတ်တရအိန္ဒြာကျော်ဇင်နှင့်အင်တာဗျူး

ကိုယ်တိုင်မိခင်ဘ၀ရောက်လာမှအမေဆိုတာ ကိုယ့်သားသမီးအပေါ်ပေးဆပ်သူသက်သက်ဆိုတာသိလာတယ် ဆိုတဲ့အမေများနေ့အမှတ်တရအိန္ဒြာကျော်ဇင်နှင့်အင်တာဗျူး


ကိုယ်တိုင်မိခင်ဘ၀ရောက်လာမှအမေဆိုတာ ကိုယ့်သားသမီးအပေါ်ပေးဆပ်သူသက်သက်ဆိုတာသိလာတယ်
အိန္ဒြာကျော်ဇင်
------------------------------------------------------------------
မြန်မာနိုင်ငံမှာ ပြာသိုလပြည့် နေ့ကို အမေနေ့အဖြစ်သတ်မှတ်ပြီး ကျင်းပလာခဲ့တာ နှစ်အတန်ငယ် ကြာခဲ့ပြီဖြစ်ပါတယ်။ မန္တလေးမှာတော့ အမေနေ့ကို တခမ်းတနားနဲ့ အမေ့ခြေရာယူပွဲတွေကိုပါပြုလုပ် လေ့ရှိပါတယ်။ သရုပ်ဆောင်ဒေါ်ချိုပြုံးနဲ့ ကိုသားကြီး (ဒွေး) တို့ ရိုက်ကူးခဲ့တဲ့ အမေ့ခြေရာ ဇာတ်ကားက အကယ်ဒမီဆုဆွတ်ခူးခဲ့ဖူးပါတယ်။ ဒီတစ်ပတ် Cover Star ကိုတော့ အမေနဲ့ နီးနီးကပ်ကပ် အမြဲနေလေ့ရှိပြီး ခုချိန်မှာ ကိုယ်တိုင်လည်း မိခင်တစ်ယောက်ဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်ကို ရွေးချယ်ခဲ့ပါတယ်။ အိန္ဒြာ ကျော်ဇင်ဘာကြောင့် အောင်မြင်နေတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို အဲဒီနေ့က ကျွန်မတွေ့ခဲ့ရပါတယ်။ စာမျက်နှာအနည်းငယ်မှာ ပုံရိပ်တွေခပ်နည်းနည်းသာ နေရာပေးနိုင်ပေမယ့် အဲဒီအတွက် တကူး တကအသေးစိတ်ပြင်ဆင်လာတဲ့ သူ့စေတနာကို ကျွန်မအထင်းသားတွေ့ခဲ့ရပါတယ်။ မျက်နှာဖုံးလေး တစ်ခုအတွက် ဒီလောက် ဂရုတစိုက် ပြင်ဆင်ဖို့အချိန်ပေးရင် သူ့ရဲ့တခြားသော အနုပညာတင်ဆက်မှုတွေ အတွက် သူဘယ်လောက်အာရုံစိုက်ပြီး ဂရုတစိုက်လုပ်ဖြစ်မလဲဆို တာတွေးကြည့်ရုံနဲ့တင်သိသာလှပါတယ်။ ကျွန်မတို့ရဲ့ မျက်နှာဖုံးဓာတ် ပုံရိုက်ကူးခြင်းကို ကမ္ဘာအေးဘုရားလမ်းမပေါ် မြကျွန်းသာထဲက ရေပေါ်ဂေါက်ကွင်း ဆောင်းနံနက်ခင်းတစ်ခုမှာစခဲ့ပါတယ်။ ကျွန်မကံကောင်းပါတယ်။ မအူဝဲရဲ့ ဖက်ရှင်နဲ့ ဓာတ်ပုံရိုက်တဲ့နေရာက လိုက်ဖက်လွန်းလှပါတယ်။ မိတ်ကပ် လင်းလင်းကလည်း မအူဝဲကို လှပ စွာပြင်ဆင်ပေးခဲ့ပါတယ်။

Q. မအူဝဲအတွက် အမေဆို တာ
A. ခုကိုယ်တိုင်မိခင်ဘ၀ ရောက်လာတော့မှ အမေဆိုတာ ကိုယ့်သားသမီပေါ်မှာ ဘာမှရယူလိုမှုမရှိဘဲ ပေးဆပ်သူသက်သက် ဆိုတာသိလာတယ်။ သူ့အတွက်ဆို ဘာမဆိုလုပ်ပေးချင်တယ်။ ပြီးတော့ စိုးရိမ်ပူပန်တဲ့စိတ် အဲဒီစိတ် ကဘာနဲ့မှမတူဘူး။ ဒါအူဝဲ သမီးလေးရလာတဲ့ အချိန်မှာ ခံစားမှုပေါ့ တခြားခံစားချက်တွေနဲ့မတူဘဲ ထူးခြားတဲ့ခံ့စားမှုပေါ့။

Q. အန်တီမာက `မ´ အတွက် ဘယ်လိုမိခင်မျိုးလဲ….
A.`မ´ အတွက် မေမေက မရှိမဖြစ်ပေါ့။ `မ´ ငယ်ငယ်လေးကတည်းက မေမေပဲအနီးကပ်ပြုစုပျိုးထောင် ပေးခဲ့တာလေ။ `မ´က အမေကိုပိုပြီး ခင်တွယ်ချစ်တယ်။ `မ´ ကငယ်ငယ်ကတည်းက အဖေဆုံးသွားတော့ မေ မေပဲ အဖေ၊ မေမေပဲ အမေ၊ အမေ တစ်ယောက်တည်းပဲ ထိန်းသိမ်း စောင့်ရှောက်ခဲ့တော့ တစ်ခုခုဆို `မ´က အမေကိုအရမ်းအားကိုးခဲ့တယ်။

Q. ပြေသုဒြာလေးကိုရော ဘယ်လိုစောင့်ရှောက်မှုပေးလဲ….
A. `မ´ က သမီးကို `မ´လိုမဖြစ် စေချင်ဘူး။ `မ´က အမေကို သိပ်အားကိုးလွန်းတယ်။ အမေကိုမှ မဟုတ်ဘဲ ဘယ်သူ့ကိုမှ အားကိုးလွန်းတာမကောင်းဘူး။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အားကိုးတာ အကောင်းဆုံးပဲ။ သမီးကို ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့သူပဲဖြစ်စေချင်တယ်။ `မ´ကတော့ သမီးကို အတတ်နိုင်ဆုံးဘေးကပံ့ပိုးမယ်။ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်တဲ့သူကဘ၀မှာပိုပြီး အောင်မြင်တတ်တယ်လေ။

Q. သမီးကို အနုပညာရှင် ဖြစ်စေချင်လား
A. သမီးကို ခုချိန်မှာပြောလို့ မရသေးဘူး။ သူ့စိတ်ကိုလေ့လာ ရသလောက် ဓာတ်ပုံရိုက်ရင် ဂျီကျတယ်။ သူ့စိတ်ထဲမှာ မကြိုက်ဘူးထင်တယ်။ တစ်ခါတလေလည်း သမီး pose လုပ်ဆိုလုပ်တယ်။ ဒါပေမဲ့ ရှားတယ်။ သူက သီချင်းတော့ကြိုက်ပုံရတယ်။ သူအိပ်ရင်လည်း သီချင်းဖွင့်ပေးရတယ်။ ၀ိုင်းစုသီချင်းဆိုရင် သူကရှေ့ကကြိုကြိုပြီး တစ်လုံးနှစ်လုံးပြောတတ်တယ်။ `မ´ ထင်တာ သူအဆိုဘက်ကို ပိုများမယ်ထင်တယ်။ ဒီအရွယ်မှာတော့ သတ်မှတ်လို့မရသေးပါဘူး။ `မ´ ဆန္ဒအရပြောရမယ်ဆိုရင် သမီးလေးကို သရုပ်ဆောင်မလုပ်စေချင်ဘူး။ အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ လူတွေရဲ့ချစ်ခြင်း၊ ပရိသတ်ရဲ့ မေတ္တာကတော့ အနုပညာရှင်က အရမ်းရတယ်။ ဒါပေမဲ့ အရမ်းစိတ်ပင်ပန်း၊ လူပင်ပန်းတယ်။ သမီးကို ပင်ပန်းတာမျိုးမဖြစ်စေချင်ဘူး။ သူအရမ်းဖြစ်ချင်ပြီး ၀ါသနာလည်း ကြီးတယ်ဆိုရင် ကိုယ်က ပိတ်ပင် တားဆီးလို့မကောင်းဘူး။ သူ့ ၀ါသနာမပါတာ ကိုယ်ကအတင်း လုပ်ခိုင်းပြီး သူဝါသနာပါတာကို မိဘတွေကြောင့် ငုံ့လျှိုးပြီးနေရမယ် ဆိုရင်လည်းမဖြစ်သင့်တဲ့အရာလေ။ အဲဒီတော့ သူဝါသနာပါရာကို အကောင်းဆုံး တည့်မတ်ပေးဖို့ကြိုး စားရမှာပေါ့။

Q. မအူဝဲနဲ့ ကိုပြေတီဦး နှစ်ယောက်မှာ ဘယ်သူက ပိုချစ်ရတဲ့သူလဲ
A. အဲဒါသူ့ကိုမေးမှရမယ်။ `မ´ ဘက်ကတော့ အမြဲအပြည့်ပဲ။

Q. ဖက်ရှင်အလှအပနဲ့ ပတ်သက်ပြီး အမျိုးသမီးပရိသတ်ကခုထိ `မ´ ကိုအားကျနှစ်သက်နေတုန်းပဲနော်
A. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ `မ´က ဖက်ရှင်ကိုလေ့လာရ တာဝါသနာပါတယ်။ ငယ်ငယ်လေး ကတည်းကပဲ။ အလုပ်နဲ့သက်ဆိုင် နေတော့ လေ့လာဖြစ်တယ်။ `မ´က သွားရမယ့်ပွဲ အနေအထားအချိန်က အစ ခေါင်းထဲထားပြီးရွေးတတ် တယ်။

Q.`မ´ ရေခုဆိုတော်တော်များ များအင်တာနက်သုံးလာကြတယ် `မ´ ရော
A.`မ´ လည်းသုံးပါတယ်။ ကိုယ့်အလုပ်နဲ့လည်းသက်ဆိုင်တယ်။ ကိုယ်ကြည့်ချင်တဲ့ Website လေး တွေရှိတယ်။ ပြီးတော့ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ အပြန်အလှန်ဆက် သွယ်ဖြစ်တယ်။ အရင်လောက် လည်း သုံးရတာ မခက်ခဲတော့ဘူး လေ။ Facebook မှာကျတော့ ကိုယ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်း တွေနဲ့ ပရိသတ်တွေရှိတယ်။ ပရိသတ်နဲ့ အမြဲထိတွေ့ဖြစ်အောင်သုံးတယ်

Q. `မ´ ကိုယ်ပိုင်သုံးတဲ့နာမည်က
A. ကိုယ်ပိုင်သုံးတဲ့ Account ရှိတယ်။ ဒါပေမဲ့ Eain Dra Kyaw Zin က `မ´ ကိုချစ်တဲ့ ပရိသတ်တစ် ယောက်က သူက`မ´ ရဲ့ အမြဲတမ်း ထာဝရပရိသတ် `မ´ ကိုခွင့်တောင်းပြီး `မ´ ရဲ့ Updated ဖြစ်တဲ့ပုံတွေကိုတင် ပေးထားတယ်။ တချို့ပရိသတ်တွေ က `မ´ လို့ထင်ကြတာပေါ့။ အမှန်တော့ အစစ်မဟုတ်ဘူးဆိုတာ တချို့တလေသိမှာပါ။

Q. ပြာသိုလပြည့်နေ့ အမေ နေ့နဲ့ ပတ်သက်ပြီး `မ` ခံစားမိတာက
A. အမေကို ဂုဏ်ယူစရာလူ တစ်ယောက်အနေနဲ့ အသိအမှတ် ပြုပြီးကျင်းပတာကောင်းပါတယ်

Q. ပရိသတ်တွေကို ပြောချင်တာ
A. `မ` 8 DAYS Cover ကို လှလှပပလေးဖြစ်အောင်ရိုက်ပေး ထားတာ ပရိသတ်ကြီးသဘောကျ မယ်ထင်ပါတယ်။ အနုပညာအလုပ်တွေနဲ့ မိသားစုအရေးကို မျှမျှတတ ဖြစ်အောင်ကြိုးစားပြီးလုပ်နေပါတယ်။ အနုပညာအလုပ်တွေအရင်ထက် စာရင်လျှော့ပြီး လုပ်ဖြစ်တာကို နားလည်ခွင့်လွှတ်ပေးပါလို့။
ကလောင် - မေသက်
8 days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map