<div style='background-color: none transparent;'></div>

Home » » အင်တာနက်ဆိုတဲ့ အကောင် အတော်ရက်စက်တယ် အကယ်ဒမီရလို့ ဝမ်းသာနေသူကို သေပြီဆိုပြီး သတ်ပစ်တယ်ဆိုတဲ့အကယ်ဒမီမော့စ်ရဲ့ရင်ဖွင့်သံ

အင်တာနက်ဆိုတဲ့ အကောင် အတော်ရက်စက်တယ် အကယ်ဒမီရလို့ ဝမ်းသာနေသူကို သေပြီဆိုပြီး သတ်ပစ်တယ်ဆိုတဲ့အကယ်ဒမီမော့စ်ရဲ့ရင်ဖွင့်သံ

ခုတော့ ဟာသသရုပ်ဆောင် မော့စ်ဆိုတဲ့ အမည်ရှေ့မှာ အကယ်ဒမီဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု တိုးလို့လာပါပြီ။ ဒါပေမယ့် အကယ်ဒမီရပြီး နောက် တစ်နေ့မှာပဲ သတင်းတစ်ခုက ပျံ့လာခဲ့ပါတယ်။ အဲဒါကတော့ မော့စ်တစ်ယောက် ကွယ်လွန်သွားပြီ ဆိုတဲ့သတင်းပါ။ သူ့ပရိသတ် တွေကတော့ ဘယ်လို ဖြစ်ရတာလဲဆိုပြီး ရင်တသပ်သပ်နဲ့ပါ။ တချို့ကတော့ ဟုတ်၊ မဟုတ် အတည်ပြုချင်လို့ နီးစပ်ရာမှာ အတည်ပြု မေးမြန်းကြပါတယ်။ ဒီတော့မှ ကောလာဟလ သတင်းတစ်ရပ်ပါလား ဆိုတာကို တချို့က သိသွားကြပါတယ်။ ဒါပေမယ့် အနယ်နယ် အရပ်ရပ်က မော့စ်ပရိသတ် တွေကတော့ ဟုတ်သလား။ မဟုတ်သလား ဆိုတာကို ဇဝေဇဝါနဲ့ပါ။ ဒီတော့ (ဦး)မော့စ်ရဲ့နေအိမ်ကို အရောက် သွားကာ၊ (ဦး)မော့စ်နဲ့ စကားတွေပြောဖြစ် ခဲ့ပါတော့တယ်။
ဦးမော့စ်ရဲ့ကျန်းမာရေး အကြောင်းက နေပဲစေပြော ရအောင် အဲဒီကျန်းမာရေးကို ပရိသတ်တွေ စိုးရိမ်နေကြတာ။
ကျန်းမာရေးက ဘာမှမဖြစ်ပါဘူး။ ကောင်းကောင်းစား ကောင်း၊ ကောင်း ကောင်းအိပ်ကောင်း နဲ့ပါပဲ။ စားလို့လည်း ဝင်သလားမမေးပါနဲ့။ လူမမာနလန်ထ ဆိုတော့ စားလို့ကိုမဝဘူး ဖြစ်နေပါတယ်။ စားလို့လည်း ကောင်းတယ်။ အိပ်လို့လည်း ကောင်းတယ်။ ဒါပေမယ့် ဦးမော့စ်မှာ အသားပဲ လိုတော့ တယ်။ ဟိုတုန်းက ကစားထားတဲ့ ကြွက်သားတွေပဲ လိုတော့တယ်။ ကျန်တဲ့ အပိုင်းတော့ အကုန်လုံးကောင်းနေပါပြီ။ ဆေးထိုး၊ ဆေးစားကတော့ ပုံမှန်ပေါ့။ ကုပေးနေတဲ့ဆရာက ဆရာဦးမျိုးသွယ်ပါ။ သူကုသပေးတဲ့အတိုင်း၊ ညွှန်ကြား ပေးတဲ့အတိုင်းကို လိုက်နာပါတယ်။ လူကောင်းလို လုံးဝပြန်ဖြစ်ဖို့ဆိုတာက ဆရာဝန်တွေစကားကို နားထောင်ရမှာ ပဲလေ။

ဦးမော့စ် အကယ်ဒမီရပြီး ချက်ချင်းမှာပဲ။ အင်တာနက်။ဖေ့စ်ဘုတ်မှာဦီးးမော့စ်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းး တွေတက်လာတယ်။နယ်က ဦးမော့စ်ပရိတ်သက်တွေက တကယ်ထင်နေ ကြတယ်။
အဲဒါကတော့ လုံးဝမဟုတ်ပါဘူး။ ကောလာဟလပါ။ ဘယ်သူက ဘယ်လို ဖြစ်ပြီး အဲဒီသတင်းကို တင်လိုက်လဲ မသိပါဘူး။ တော်တော်ကိုဆိုးတယ်။ မကောင်းဘူး။ ဒီအချိန်မှာ ဦးမော့စ် က အရမ်းဝမ်းသာနေတဲ့ အချိန် လေ။ အကယ်ဒမီရတယ်ဆိုတော့ အင်မတန်ကို ဝမ်းသာတာ။ အနုပညာလောကမှာ ဘဝမှတ်တိုင် လို့ခေါ်ကြတဲ့ အကယ်ဒမီဆိုတဲ့ရုပ် ထုကြီးကိုရခဲ့တယ်။ ဒါပေမယ့် အဲဒီ ရုပ်ကို နွေးအောင်တောင်မကိုင် ရသေးပါဘူး။ အိမ်လည်း ရောက်ရော၊ သတင်း တစ်ခု ကြားလိုက်ရ ပါတယ်။ ငမော့စ် သေပြီတဲ့ . . .။ ဦးမော့စ်မှာ ရယ် ရအခက်၊ ငိုရ အခက်ကြီးပါပဲ။ ဝမ်းသာလို့ပျော် နေတဲ့သူ ကို တစ်ခါတည်း သတ်ပစ်ကြ တယ်။ အင် တာနက်၊ ဖေ့စ်ဘုတ်မှာ ဘယ်လိုတင်ထားသလဲ ဆိုတော့ သေရတဲ့ အကြောင်းက ဝမ်းသာလုံးဆို့လို့ သေတာတဲ့။ ဘယ်ကတည်းက အငြှိုးနဲ့ လည်းတော့မသိပါဘူး။ အဲဒီ အင်တာနက်ဆိုတဲ့အကောင် . . .ဖေ့စ်ဘုတ် ဆိုတဲ့ အကောင် . . .တွေက အတော် ရက်စက်တယ်။ အဲဒီကောင်တွေ လုပ်ထည့် လိုက်တာအားလုံးကို ဗြောင်း ဆန်သွားတာပဲ။ အကယ်ဒမီရတာ ဒီလောက်မဟုတ်ဘူး။ သေတာကပြဿနာလေ။ ရှင်းရတာဖတ် ဖတ်ကိုမောလို့။ သမီးမြင်တဲ့အတိုင်းပဲလေ။ အိမ်မှာ တစ်ယောက်က မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ဒိုင်ခံဖြေနေရတာ။ ဦးမော့စ် သား အငယ်ကောင်ဖက်တီးလေးတောင် ကောင်းကောင်း ဂိမ်းမကစားရဘူး။ သူ့မှာ ဖြေပေးနေရတာပဲ ကြည့်ပေတော့။ ပြီးတော့ ဦးမော့စ်ရဲ့အစ်ကိုကြီး သူက နယ်က။ ငါ့ညီငမော့စ်သေပြီဆိုပြီး မျက်ရည်နဲ့မျက်ခွက်နဲ့ သူ့မှာရန်ကုန်ကို ရောက်ချလာတာ။ နယ်က လယ်တွေ၊ ကိုင်းတွေကို အကုန်ပစ်ပြီး လာခဲ့တာ။ နောက်ထပ်ရောက်လာဦးမယ့် အမျိုးတွေ ရှိပါသေးတယ်။
ဦီးမော့စ်အကယ်ဒမီရလို့ ဝမ်းသာနေသလိုပဲ၊ အဲ့ဒီသတင်းကြောင့် တစ်ဖက်မှာ စိတ်အနှောင့်အယှက်လည်း ဖြစ်မှာပေါ့။
စိတ်အနှောင့်အယှက်ကတော့ ဖြစ်တာ ပေါ့။ ဝမ်းသာလို့ ရှိတဲ့ရောဂါတွေ တစ် ဝက် လောက်သက်သာမယ်ကြံခါရှိသေး တယ်။ ဒါပေမယ့်ရောဂါကပြန်ပြီးတက် လာသလိုလိုဖြစ်မိတယ်။ စိတ်ဆင်းရဲ လို့ပါ။ မကောင်းဘူး။ ရောဂါသက်သာစ လူတစ်ယောက်၊ ပျော်နေတဲ့လူတစ် ယောက်ကို သေပြီဆိုပြီး အင်တာနက် ကနေ သတ်ပစ်ကြတာ တော်တော့်ကို ဆိုးဝါးပါတယ်။
နည်းပညာတွေ တိုးတက်တာတစ် ဖက်ကကောင်းသလိုပဲ။ နည်းပညာတိုး တက်မှုကိုအခွင့်ရေးယူပြီး တစ်ဖက်သား အပေါ် နစ်နာအောင် လုပ်တတ်ကြတာက အတော့်ကို ဆိုးဝါးတာပဲနော် ဦးမော့စ်။
တော်တော့်ကို တော်တော်လေးကို ဆိုးဝါးပါတယ်။ တစ်ဖက်သားကိုလည်း တော်တော်လေးကို အနှောင့်အယှက် ပေးပါတယ်။ အကယ်ဒမီပေးပွဲကအပြန် အိမ်ရောက်တော့ ဦးမော့စ်ကပဲ သား ထိုက်စံကို၊ ထိုက်စံအင်တာနက်လေး ဘာလေးဖွင့်ကြည့်ပါဦး။ ငါတို့ အကယ်ဒ မီသတင်းတွေ ဘာတင်ထားသလဲဆိုပြီး ဖွင့်ကြည့်လိုက်တာ မော့စ်ဝမ်းသာလုံး ဆို့ပြီး ကွယ်လွန်ပြီတဲ့။ အဲဒီသတင်းက တန်းတွေ့ရတာပဲ။ ပြီးတော့ ဒါရိုက်တာ ကိုမကျေနပ်တာတွေ၊ ပြီးတော့ မင်းသား နောင်နောင် တစ်ကားတည်းရိုက်ပြီး အကယ်ဒမီ ရတာကို မကျေနပ်တာတွေကို စုံနေအောင် တင်ထားတာ အများကြီးပါပဲ။ ဦးမော့စ်လည်း ကျန်တာတွေကို ဆက်မဖတ်ဖြစ်တော့ ပါဘူး။ ဝမ်းသာပြီး ပြန်လာရာကနေ၊ အဲဒီသတင်းကြားလို့ စိတ်မကောင်းပြန်ဖြစ်ပြီး အိပ်လိုက်တော့ တာပဲ။ အိပ်ပျော်သွားတော့ တစ်မျိုး ကောင်းတာပေါ့။ ခံစားမနေတော့ဘူး ပေါ့။
ဟုတ်ကဲ့ပါ။ဦးမော့စ် အကယ်ဒမီရလို့ ကျေးဇူးတင်စကားပြောတော့ အသက် (၅၉)နှစ်ရောက်မှ မိတဲ့အကယ်ဒမီ. . ဆိုပြီးပြောလိုက်တဲ့ အပြောကို အားလုံးလိုလိုက သဘောကျကြတယ်။ ဦးမော့စ် ကျေးဇူးတင်စကားပြောဖို့ စင်ပေါ်ကို တက်ကတည်းက စဉ်းစားသွားတဲ့ စကားလုံုံးပါလား။
စဉ်းစားသွားတဲ့ စကားလုံးမဟုတ်ပါဘူး။ အကယ်ဒမီ ရုပ်ကိုင်ပြီးမှ ထွက်လာတဲ့စ ကားလုံးပါ။ (၅၉)နှစ်ကျမှ မိတဲ့အကယ်ဒမီ လာထား . . .လို့ ပြောလိုက်တာပါ။ သိပ်များများလည်း မပြောပါဘူး။ ဦးမော့စ် မှာ လက်တွေ ခြေတွေတုန်နေလို့ အမှား ပါမှာစိုးလို့ပါ။ အမှားပါရင် မကောင်းဘူး လေ။ ရှေ့မှာ လူကြီးတွေနဲ့ဆိုတော့ မမှား အောင် လိုတိုရှင်းပဲပြောလိုက်တာပါ။ ပြီး တော့ ကိုယ့်လောကသားတွေ အချင်း ချင်းကလည်း ပြောကြဦးမယ်။ ဒီကောင် အကယ်ဒမီရလို့ ဖင်ခေါင်းကျယ်ပြီး၊ စ ကားကြီး စကားကျယ် တွေပြော နေတယ် ဆိုပြီး၊ ပေါက်ကရလေးဆယ်တွေ လျှောက်ပြောနေရင်မကောင်းဘူးလေ။ မဟုတ်ဘဲပြောတာကို အပြောမခံနိုင်ဘူး။ ကျေးဇူးတင်စကားကို တိုတိုပဲပြောတယ်။
သိပ်ရှည်ရှည်ဝေးဝေးမပြောပေမယ့် ဦးမော့စ်ရဲ့စကားလုံးတွေက ပရိတ်သတ် ရင်ထဲထိတယ်နော်။
ဟုတ်တယ်။ Heart ထိသွားကြတယ်။
ဦီးမော့စ်တို့ ဇာတ်ကားနဲ့အကယ်ဒမီ ရတဲ့သူတွေကို၊ ဝေဖန်သံတွေညံနေသလိုပဲ၊ တချို့ကလည်းး တကယ်ရသင့် ရထိုက်တဲ့သူတွေ ရသွားကြတာပါလို့ လည်းချီးကျူးစကား ဆိုနေကြပါတယ်။
ဟုတ်တယ်။ ဦးမော့စ်က ပရိသတ်က ပေးတဲ့ဆုကိုရတာပဲ။ ဘာလို့လဲဆိုတော့ ဦးမော့စ်ကိုရစေချင်တယ်ဆိုပြီး ဝိုင်းအ မှတ်ပေးကြတဲ့အထဲမှာ ပရိသတ်က လည်း တစ်ဝက်ပါတယ်။ သူတို့တွေ အားလုံးရဲ့ အားပေးမှုကျေးဇူးတရားတွေ၊ ချစ်ခင်တဲ့ မေတ္တာတရားတွေနဲ့ ဦးမော့စ် ရဲ့ကြိုးစားမှုတွေနဲ့က သွားပြီးဆုံတွေ့ ကြလို့ ဦးမော့စ်အကယ်ဒမီဆုကို ရခဲ့ တာပါ။
ဟုတ်ကဲ့ပါ။ ဦးမော့စ်ကို ချစ်ခင်အား ပေးကြတဲ့ ပရိတ်သတ်တွေကို ဦးမော့စ် အမှာစကားလေးလည်း ပါးလိုက်ပါဦး
ကျွန်တော် ဘာမှမဖြစ်ပါဘူး။ မိဘ ပြည်သူပရိသတ်ကြီးခင်ဗျာ။ စိတ်အေး ချမ်းသာစွာနဲ့ငမော့စ်အိမ်မှာ မိသားစု တွေနဲ့ သာယာမှုတွေနဲ့ သာသနာပြုနေ ပါတယ်။ ကျန်းမာရေး လည်းကောင်းလာပါပြီ။ ဒီထက်ပိုကောင်းလာအောင် အားရှိအောင် အားမွေးနေပါတယ်။ ငမော့စ် ကားပြန်ရိုက်တော့မှာပါ။ ဖေဖော် ဝါရီလလောက်မှာ ကိုထွန်းအောင်ဇော် နဲ့ပဲ ကားကြီးစရိုက်မှာပါ။ ပုဂံနဲ့မန္တလေးမှာ ရိုက်မှာပါ။
ဇင်ဖြူပြာမြင့်
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map