<div style='background-color: none transparent;'></div>

Home » » ကျူရှင်ဆရာကို ကျောင်းသားတစ်ဦးနှင့် သူငယ်ချင်းနှစ်ယောက်က ရိုက်နှက်

ကျူရှင်ဆရာကို ကျောင်းသားတစ်ဦးနှင့် သူငယ်ချင်းနှစ်ယောက်က ရိုက်နှက်



မလေးရှားနိုင်ငံတွင် အသက် ၁၆ နှစ်သားဖြစ်သူက သူငယ်ချင်းနှစ်ယောက်နှင့်အတူ ကျူရှင်ဆရာကို ဝိုင်းရိုက်သည့်ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဆရာက သူ့ကို အတန်းအတွင်း အခြားကျောင်းသားများကို အနှောင့်အယှက်မပေးရန် ဆုံးမသည်ကို မခံချင်သဖြင့် ရိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စင်ချူးနေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ ဖြစ်ပွားမှုကို သိသိချင်း ဖခင်ဖြစ်သူသည် ကျောင်းသို့လိုက်လာကာ သားဖြစ်သူကို ခေါ်ပြီး ဆရာအားတောင်းပန်ခိုင်းကြောင်း၊

အသက် ၂၁ နှစ်အရွယ်ရှိ ဆရာကလည်း တောင်းပန်မှုကို လက်ခံပြီး ကြေအေးလိုက်သည်ဟု သိရသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ ညနေ ၆ နာရီအချိန်တွင်ဖြစ်ပြီး ကျူရှင်ခေါ်သင်သည့်နေရာတွင် ဖြစ်ပွားခြင်းဖြစ် သဖြင့် ဆရာကလည်း ပြဿနာမဖြစ်စေလိုသောကြောင့် ကြေအေးလိုက်ခြင်းဖြစ်မည်ဟု ယူဆရသည်။

Category: မောက္ခနိုင်ငံတကာသတင်း
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map