<div style='background-color: none transparent;'></div>

Home » » လှိုင်သာယာမြို့နယ်တွင်ဆယ်ကျော်သက် မိန်းကလေးများ ဦးဆောင်၍ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရန် လှုပ်ရှားမူများပြုလုပ်

လှိုင်သာယာမြို့နယ်တွင်ဆယ်ကျော်သက် မိန်းကလေးများ ဦးဆောင်၍ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရန် လှုပ်ရှားမူများပြုလုပ်

ရောင်စုံမိန်းကလေးစက်ဝိုင်းများအဖွဲ့မှ ဆက်ကျော်သက် မိန်းကလေးများ ဦးဆောင်၍ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရန် လှိုင်သာယာမြို့နယ်တွင် လှုပ်ရှားမူများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါအဖွဲ့မှ သိရသည်။
အဆိုပါ ရောင်စုံမိန်းကလေးများအနေဖြင့် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ ကြွပ်ကြွပ်အိတ်ပြဿနာ၊လူမျိုးခွဲခြားရေးမှု ပြဿနာ၊ အစားအသောက်များထဲမှ ဓာတုပစ္စည်းများပြဿနာ၊၊ ဘတ်(စ်)ကားပေါ်တွင် မိန်းကလေးများကို ကာယအိနြေ္ဒ နှောင့်ယှက်မှုပြဿနာတို့ကို ရပ်ကွက်နေ ပြည်သူများအား စည်းရုံးကာ အသိပညာပေးခြင်းတို့ကို သရုပ်ပြခြင်း၊ စာသင်ကျောင်းများသို့ သွားရောက်ကာ ကလေးငယ်များအား အသိပညာပေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''အမှိုက်တွေ စနစ်တကျ စွန့်ပစ်ရေးလှုပ်ရှားမှုကိုတော့ အခုစလုပ်နေပါပြီ။အဲဒီမှာတော့ ရပ်ကွက်အတွင်းမှာ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို ဆယ်ကျော်သက် မိန်းကလေးတွေက ကျောင်းအားတဲ့ရက်တွေမှာ လိုက်ရှင်းပေးတယ်။ ပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်း အသိပညာပေးတယ်။ ကြွပ်ကြွပ်အိတ် ပြဿနာကိုတော့ ဖေဖ်ာဝါရီလောက်မှ လုပ်ဖြစ်မှာပါ။နောက် ဘတ်(စ်)ကားပေါ်မှာ မိန်းကလေးများ ကာယအိနြေ္ဒ နှောင့်ယှက်ခံရမှု ပြဿနာကိုတော့ မတ်လလောက် တစ်အိမ်တက် တစ်အိမ်ဆင်း စလှုပ်ရှားဖို့ စီစဉ်ထားပါတယ်'' ဟု ရောင်စုံမိန်းကလေးများ အဖွဲ့မှ နော်အေးမြမြငြိမ်းက ပြောပါသည်။
ကလေးငယ်များ စွမ်းဆောင်ရည် မြှင့်တင်စေရန်၊ ဆယ်ကျော်သက်မိန်းကလေးများ လူမူရေးလုပ်ငန်းများတွင် ဦးဆောင် လုပ်ကိုင်လိုစိတ်များ ရှိရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
eleven media
Share this article :

1 comments:

စံပယ်ချို said...

အောင်သက်ခိုင်ရေ
သတင်းကောင်းလေးပါပဲနော်
ဆယ်ကျော်သက်မိန်းကလေးများ လူမှုရေး လုပ်ငန်းတွေဆက်လက်လုပ်ဆောင်နိုင်ပါစေ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map