<div style='background-color: none transparent;'></div>

Home » » “ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်”

“ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်”

ရန်ကုန်၊ ဇန်န၀ါရီ ၁၈

ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ယခုလ ၁၇ ရက်နေ့ည ၁၁ နာရီခန့်က မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုရှိ ၎င်း၏အိပ်ခန်းအတွင်း ပြတင်းပေါက်သံတန်းတွင် ပုဆိုးအား အသုံးပြု ၍ ခြေထောက်နှင့် ကြမ်းပြင်တစ်လက်မခန့် လွတ်လျက် သေဆုံးနေခြင်းဖြစ် သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူ၏ အခန်းအတွင်းမှ ၎င်း၏ဒိုင်ယာရီစာအုပ်ထဲတွင် “ငါ နင့်ကို အဆက်အသွယ် ဖြတ်ထားတာ

မဟုတ်ဘူး၊ ရည်းစာတွေ မဖြစ်သင့်ခဲ့ဘူး၊ ဟို တစ်ယောက်ကို သစ္စာဖောက်မရဘူး၊ ငါသွားနှင့်တော့မယ်“ဟု ရေးသား ထားသော စာကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသေဆုံးမှုနှင့်ပတ်သက်၍ သုဝဏ္ဏရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၁၃ ဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

NW
popular myanmar news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map