<div style='background-color: none transparent;'></div>

Home » » မိုးပြည့်ပြည့်မောင်ရဲ့ သမီး ၁၁၁ ရက်ပြည့် မွေးနေ့ နဲ့ နာမည်ပေး ကင်ပွန်းတပ် ပြုလုပ်

မိုးပြည့်ပြည့်မောင်ရဲ့ သမီး ၁၁၁ ရက်ပြည့် မွေးနေ့ နဲ့ နာမည်ပေး ကင်ပွန်းတပ် ပြုလုပ်



မိုးပြည့်ပြည့်မောင်ရဲ့ သမီးလေး ရက် ၁၁၁ ပြည့် မွေးနေ့နဲ့ နာမည် ကင်ပွန်း တပ်ပွဲကို ကျိုက်ထီးဆာင်း ဆရာတော်ကျောင်းမှာ ဆွမ်းကပ်ပြီး ရန်ကင်းမြို့နယ် မှာရှိတဲ့ ပရဟိတ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ် ခဲ့ပါတယ်။ သမီးလေးရဲ့နာမည်ကိုတော့ လောလောဆယ် အိမွန်သိမ့် နဲ့ အေးမိစံ ဆိုပြီး ၂မျိုး ပေးထားကြောင်း ပြောပါတယ်။ ကိုယ်ဝန် စလွယ်တဲ့ အချိန်က စပြီး ဇာတ်ကား ရိုက်ကူးမှုတွေ မပြုလုပ်တော့ တဲ့ မိုးပြည့်ပြည့်မောင် က အခု သမီးလေး ၃လကျော် တဲ့အချိန် မှာတော့ ဇာတ်ကား ရိုက်ကူး မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အနုပညာ အလုပ် နဲ့ ခရီးတွေ ထွက်တဲ့ အချိန် မှာတော့ အရင်က နဲ့ မတူဘဲ သမီးလေး ကိုလွမ်းရတဲ့စိတ် နဲ့ငိုခဲ့ရကြောင်း မိုးပြည့်ပြည့်မောင် က ပြောပါတယ်။
“မိုးပြည့်နယ်တွေ သွားတော့ သမီးလေးကို သတိရ လို့ ငိုလိုက်ရ သေးတယ်။ သမီးလေးက စကား ပြော တတ်တဲ့ အချိန်ဆိုရင် မိုးပြည့် ခရီးရက်ရှည် ထွက်ဖြစ်မှာ မဟုတ် တော့ဘူး ထင်တယ်။

အခုဆိုရင် မိုးပြည့်ရော၊ မိုးပြည့် အမျိုးသားပါ နှစ်ယောက်စလုံး အားရင် သမီး လေးကိုပဲ အချိန်ပေးဖြစ်တယ်။ အားရင် အားသလို ကလေး အနားမှာ နေပေးတယ်။ ကလေးက မိုးပြည့်ကို တော်တော် သိနေပြီ။ မိုးပြည့် အမျိုးသား ကလည်း သူ့သမီးနဲ့ ပျာယာခတ်နေတာပဲ”လို့ ပြောတဲ့ မိုးပြည့်ပြည့်မောင်က အနုပညာ အလုပ်ပြန်စလုပ် ပြီဖြစ်တဲ့ အတွက် ခင်ပွန်းနဲ့ အမြဲတမ်း တိုင်ပင်ပြီးလုပ်ကြောင်း ပြောပါတယ်။ “အခု မိုးပြည့်အနုပညာ ပြန်လုပ်တော့လည်း မိုးပြည့် အမျိုးသား ပိတ် ပင်တာ မရှိပါဘူး။ ဘယ်တော့မှ လည်း ရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် အနုပညာ သမားတစ်ယောက် နဲ့ချစ်ပြီး လက်ထပ် ထားတာဖြစ်တဲ့ အတွက်ပါ။ ဒါက မိုးပြည့် အမျိုးသား အတွက် ပီတိတောင် ဖြစ်သေးတယ်။ မိုးပြည့် အလုပ်တစ်ခုကို အကြံဥာဏ် တောင်းရင်လည်း ခင်ပွန်းနဲ့ အမေ့ကို အမြဲတမ်း တိုင်ပင်ဖြစ် ပါတယ်” လို့ ပြောပါတယ်။
အခုလောလောဆယ် မှာတော့ မိုးပြည့်ပြည့်မောင် က ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးတဲ့ “ဘာလုပ်မှာလဲ ပြော”ဆီးဂိမ်း ဇာတ်လမ်းတိုမှာ နည်းပြ တစ်ယောက် အဖြစ် သရုပ် ဆောင် ထားပါတယ်။

တွယ်တာ
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map