<div style='background-color: none transparent;'></div>

Home » »  လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သည့် ညှို့မဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဂျာနယ်၆စောင်ကို ခေါ်ယူသတိပေး

 လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သည့် ညှို့မဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဂျာနယ်၆စောင်ကို ခေါ်ယူသတိပေး

ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန်လည်ရုတ်သိမ်းရန် ဇန်န၀ါရီ၉ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရသည်။
အဆိုပါမဂ္ဂဇင်းသည် မူလလျောက်ထားစဉ်က ဖက်ရှင်ဦးစားပေးအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ဖြန့်ချီထုတ်ဝေသောအခါ လိင်ပညာပေးအဖြစ် ထုတ်ဝေလာသည့်အပြင် ဓါတ်ပုံနှင့် အရေးအ သားများမှာလည်း လိင်ကိစ္စကို အသားပေးဖော်ပြပြီး စိတ်ကိုနှိုးဆွရာရောက်စေသည့် ဖော်ပြချက်များဖြင့် ဖြန့်ချီ ထုတ်ဝေခဲ့သည့်အတွက်
ပုံနှိပ်သူများ၊ထုတ်ဝေသူများ၊မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့မှ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်ကို ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းမဂ္ဂဇင်းအပြင် မူလလျောက်ထားစဉ်က ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများကို ထည့်သွင်းဖော်ပြ ထုတ်ဝေနေသည့် ကြော်ငြာကမ္ဘာ ဂျာနယ်၊ မြနန္ဒာ ဂျာနယ်၊သွေးသစ် ဂျာနယ်၊ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ High Speed Car ဂျာနယ်များမှာလည်း ခေါ်ယူသတိပေးခြင်း ခံခဲ့ရပြီး တစ်လအတွင်း မူလဘာသာရပ် လမ်းကြောင်းအမှန်အတိုင်း ထုတ်ဝေသွားရန့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဖက်ရှင်ဦးစားပေးအဖြစ် လျောက်ထားခဲ့သော ညှို့မဂ္ဂဇင်းသည် မူလလျောက်ထားသည့် အကြောင်းအရာနှင့် ရာနှုန်းပြည့် ကွဲလွဲ၍ လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိလာသော ယင်းမဂ္ဂဇင်းအား တည်ဆဲဥပဒေပုဒ်မ(၁၀) အရ ထုတ်ဝေခွင့် မှတ်ပုံတင်သက်သေခံလက်မှတ်ကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာ၂၇ ရက်နေ့တွင် ဖြန့်ချီခဲ့သော ယင်းညှို့မဂ္ဂဇင်း ထွက်ရှိလာခဲ့ပြီးနောက် စာပေလောကသားများနှင့် ပြည်သူလူထုအကြား ဝေဖန်မှုများ ရှိခဲ့သည်ဟုလည်း သိရသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map