<div style='background-color: none transparent;'></div>

Home » » ဗီဇာကတ်ကို ကမ္ဘောဇဘဏ်(KBZ) ATM စက်များတွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ

ဗီဇာကတ်ကို ကမ္ဘောဇဘဏ်(KBZ) ATM စက်များတွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ဗီဇာကတ်ကို ကမ္ဘောဇဘဏ်(KBZ) ATM စက်များတွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဗီဇာကတ် ကိုင်ဆောင်ထားသော မည်သူမဆို ကမ္ဘောဇ ATM စက်များတွင် မြန်မာကျပ်ငွေ ထုတ်ယူ နိုင်ပြီဖြစ်ပြီး တစ်ကြိမ်ထုတ်ယူပါက ကျပ်သုံးသိန်းဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်း အများဆုံးထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဗီဇာကတ်များသည် ကမ္ဘောဇအပြင် CB ဘဏ် ATM စက်များတွင်ပါ ထုတ်ယူအသုံးပြုနိုင်ပြီး မကြာမီကာလတွင် MOB ဘဏ် ATM စက်များ၌ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်တွင် ATM စက် အလုံးပေါင်း ၃၇ လုံး တပ်ဆင်ထားရှိပြီးဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မေမြို့၊ ညောင်ဦး၊ နေပြည်တော်တို့တွင် တပ်ဆင်ထားရှိကြောင်း သိရသည်။

ဝေယံမိုးမြင့်
popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map