<div style='background-color: none transparent;'></div>

Home » » ယနေ့ နတ်မောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်များ

ယနေ့ နတ်မောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်များ

 မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင်
 ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့

ချုပ်ပါတီဝင်များနှင့်ပတ်သက်၍ပြောကြားချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေ
လို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့
ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။

အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ကျွန်မကိုပြောနိုင်တဲ့အခွင့်
အရေးရှိပါတယ်။ ပြောလည်းပြောပါ။


ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။
 နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလား
ထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်
ရလိမ့်မယ်။

အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။

 ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာ
လည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။

အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်
သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့
 ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့
သွားနိုင်မှာဖြစ်ပါတယ်"





"ကျွန်မတို့ အာဏရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန်ထူထောင်နိုင်မယ်။
 ဒါကြောင့် အာဏာလိုချင်သလားဆို လိုချင်တယ်လို့ ပြောမယ်။ အာဏာလိုချင်
တယ် ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို မြန်မြန်ဆန်ဆန်
တည်ဆောက်ချင်လို့ပဲ "

"အစိုးရတစ်ခုဖြစ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။
လုပ်ချင်တာအားလုံး လုပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။
အားလုံးလက်တွဲပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်။"

"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့
စနစ်ဖြစ်နေတယ်။"

ဆက်လက်ဖေါ်ပြပါမည်။


7Day News








.
ရွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map