ယနေ့ (ဒီဇင်ဘာလ ၈ ရက်နေ့)နေ့လည် ၁နာရီ မိနစ် ၄၀ အချိန်ခန့်
တွင် သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၇၀ ခန့်က ရန်ကုန်မြို့ ဗဟန်းမြို့
နယ် ရေတာရှည်လမ်း ကြားတောရ လမ်းဒေါင့်ရှိ ကြေးသွန်းဘုရားကြီးအနီး
မှ စတင်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံထားရသူ သံဃာတော်များ
လွှတ်ပေးရေး နှင့် သပိတ်စခန်း ဖြိုခွင်းမှုကြောင့် ထိခိုက် ဒဏ်ရာ
ရရှိခဲ့သော သံဃာတော်များကို တောင်းပန်ရေး အစရှိသည်တို့ကို
တောင်းဆိုခဲ့ကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်သူ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များသည် ဗဟန်းမြို့
နယ်မှ မြို့တော်ခန်းမရှေ့သို့ သွားရောက်ပြီး ဆန္ဒထုတ်ဖော်သွား
မည်ဟု သိရပါသည်။
Eleven Media Group
The Myanma Age
လက်ပံတောင်းတောင် အရေးကိစ္စနှင့် ဆန္ဒထုတ်ဖော်သော သံဃာတော်
များအား အကြမ်းဖက် ဖြိုခွင့်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော်
ထုတ်ပေးရန် သံဃာတော်အပါး (၂၀)သည် ယနေ့နေ့လယ် (၁း၃၀)
ခန့်တွင် ကြေးသွန်း ဘုရားရှေ့မှ ဆူးလေသို့ စတင် ဆန္ဒ
ထုတ်ဖော်ရန် ထွက်ခွာလာခဲ့သည်။
ဖမ်းဆီးထားသော ရဟန်းရှင်၊ ကျောင်းသား၊ ပြည်သူ လူငယ်များ
အား ပြန်လွှတ်ပေးရန် သံဃာတော်များအား ၀န်ချတောင်းပန်ရေး
လွတ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်
ဖွဲ့စည်းပေးရေး သံဃာတော်များ အပေါ် ရက်စက်စွာ နှိမ်နင်းခဲ့သော
တာဝန်ရှိသူကို ဖော်ထုတ်ပေးရေး အစရှိသော အချက် (၄)ချက်ကို
တောင်းဆို၍ ချီတက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment