<div style='background-color: none transparent;'></div>

Home » » မြန်မာ လုပ်သားများအား ဂျပန်နိုင်ငံသို့ တရား ၀င် အလုပ်ပါမစ်နှင့် ပထမဆုံး အကြိမ်ပို့မည်

မြန်မာ လုပ်သားများအား ဂျပန်နိုင်ငံသို့ တရား ၀င် အလုပ်ပါမစ်နှင့် ပထမဆုံး အကြိမ်ပို့မည်


မြန်မာ လုပ်သား ၁၅၀ ဦးအား တရားဝင် အလုပ်လုပ် ကိုင်ခွင့် ပါမစ်နှင့် ကျွမ်းကျင် လုပ်သားများ အဖြစ် ဂျပန်နိုင်ငံရှိ စက်ရုံများသို့ ပထမဆုံး အကြိမ် စေလွှတ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများအား လက်ရှိ ပြည်တွင်း၌ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်၍ သင်တန်းကာလ ၆ လ သတ်မှတ်ထားသည်။

ထို့အပြင် ယင်းလုပ်သားများသည် ဂျပန်နိုင်ငံတွင်း၌ မိမိကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်များက တရားမ၀င် နေထိုင်ခဲ့ဖူးခြင်းမရှိသူများဖြစ်ရမည်ဖြစ်ပြီး လုပ်သားတစ်ဦးလျှင် အနိမ့်ဆုံးလုပ်ခလစာ ကျပ်ဆယ့်နှစ်သိန်းနှင့်အထက် ရရှိမည်ဖြစ်သည်။

“အဓိကတော့ overstay မဖြစ်ဖို့ဘဲ။ သူတို့တွေကို သတ်မှတ်ထားတဲ့လစာ တကယ် ရ၊ မရ စက်ရုံတွေကို နှစ်လတစ်ကြိမ်လောက် သွားရောက်စစ်ဆေးသွားမှာပါ” ဟု အလုပ်သမားစေလွှတ်မည့် ရဲဝံ့နဂါးပြည်ပအလုပ်အကိုင်အေဂျင်စီမှ ဒါရိုက်တာကိုကျော်ဝဏ္ဏက ပြောသည်။


ဝန်ဆောင်ခနှုန်းထား ကုန်ကျစရိတ်အား ကျပ်သိန်း ၃၀ ခန့်သာ ပေးရမည်ဖြစ်ပြီး သင်တန်း စတင်တက်ရောက်မည် ဆိုပါက ငွေကျပ်ရှစ်သိန်းအား အရင်ပေးသွင်းရမည်ဖြစ်သည်။ အလုပ်ခေါ်ဆိုထားသော စက်ရုံများတွင် တိုယိုတာကားစက်ရုံ၊ ပလတ်စတစ်စက်ရုံနှင့် စည်သွတ်ဘူးစက်ရုံတို့ ပါဝင်ကာ တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီ သတ်မှတ်ထားပြီး အချိန်ပိုတစ်နာရီလျှင် ကျပ်ငွေရှစ်ထောင်ခန့်ရရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ပြည်ပပြောင်းရွှေ့လုပ်သားများအပေါ် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ပြည်ပမှ အလုပ်သမားများအား သင်တန်းသား လုပ်သားအဖြစ်သာ ခေါ်ဆိုခွင့်ပြုထားသည်။ သို့ သော် ဂျပန်နိုင်ငံတွင် အလုပ်သမားအဖြစ် လုပ်ကိုင်ပါက သင်တန်းသားလုပ်သားထက် လုပ်ခလစာ ပိုမိုရရှိကြောင်း နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“ဂျပန်ဘက်က အလုပ်ခေါ်တယ်။ တကယ်ပေးတော့ လစာတွေက အမှန်မရဘူး။ ဟိုမှာက သင်တန်းသားလုပ်သားထက် အလုပ်သမားက လစာပိုတောင်းတော့ စက်ရုံပြင်ပကို ထွက်ပြေးပြီး တခြားအလုပ်ကို ပြောင်းလုပ်ကြတာ။ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်လည်း မကောင်းဘူး။ ဒါကြောင့် ဂျပန်ကို မြန်မာ လုပ်သားစေလွှတ်တာ စိစစ်ထားတာ။ သင်တန်းသားလုပ်သားအနေနဲ့ခေါ်ရင် ခေါ်ခွင့်မပေးဘူး” ဟု အဆိုပါ အရာရှိက ပြောသည်။

ကိုကျော်ဝဏ္ဏက “အခု ဂျပန်ကို စေလွှတ်မယ့် လုပ်သားတွေကို Work Permit နဲ့ပဲ။ Training Permit နဲ့ လွှတ်မှာမဟုတ်ဘူး။ အလုပ်သမား ၀န်ကြီးဌာနကိုလည်း တင်ပြထားပြီးပြီ” ဟုဆိုသည်။ 
  first appeared on N/A -
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map