<div style='background-color: none transparent;'></div>

Home » » လူသားသတ်စားခဲ့သည်ဟု သံသယရှိသူ ရုရှားနှစ်ဦး ထွက်ပြေးလွတ်မြောက်နေ

လူသားသတ်စားခဲ့သည်ဟု သံသယရှိသူ ရုရှားနှစ်ဦး ထွက်ပြေးလွတ်မြောက်နေ

လူသူအရောက်အပေါက် နည်းသော တောနက်ကြီးတစ်ခုထဲ၌ သုံးလတာမျှ လမ်းပျောက်ခဲ့ပြီးနောက်
 ပြန်လည် ကယ်ဆယ်ခြင်းခံခဲ့ရသူ လူ နှစ်ဦးသည် အသက်ဆက်
ရှင်ရေး အတွက် အခြားအဖော်တစ်ဦးကို သတ်ဖြတ်၍ လူသားကို စားသောက်ခဲ့ ပုံရသဖြင့်
ရုရှားစုံစမ်းစစ်ဆေးရေး များက လူသတ်မှုတစ်ခုအဖြစ် အမှုဖွင့် စုံစမ်းသွားမည်ဖြစ်ကြောင်း
အရာရှိ များက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

အသက် ၃၇ နှစ်နှင့် ၃၅ နှစ်အရွယ် အသီးသီးရှိကြသည့် အဆိုပါအမျိုး သားနှစ်ဦးသည်
လွန်ခဲ့သည့်ဩဂုတ်လ က ကမ္ဘာ့လူအရောက်အပေါက်အနည်း ဆုံးဒေသများအနက်
တစ်ခုဖြစ်သော ရုရှားနိုင်ငံအရှေ့စူးစူးရှိ ကျယ်ပြန့် သည့် ယာကူတီယာဒေသသို့ အပျော်
မြစ်ကြောင်း ငါးဖမ်းထွက်ခဲ့ရာမှ ပျောက် ဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

အဆုံး၌ ကယ်ဆယ်ရေးသမားများ သည် ယင်းလူနှစ်ဦးကို ယာကူတီယာ တောင်ပိုင်း
အနီးဆုံးနေယွန်ဂရီမြို့ အနီးမှ ၁၅၅ မိုင်အကွာရှိ ဆူတမ်မြစ် အနီးတွင် ယခုလအတွင်း
တွေ့ရှိခဲ့ကြသည်။


အဆိုပါလူနှစ်ဦးက ၎င်းတို့အဖွဲ့ ကွဲသွားကြောင်းနှင့် အခြားသူများမှာ အသက်ရှင်ဆဲ
ဖြစ်နိုင်ကြောင်းဆိုသည်။ သို့ရာတွင် ၎င်းတို့နှစ်ဦးအား ရှာတွေ့ ခဲ့ရာနေရာအနီး၌
စုံထောက်များက လူရုပ်အလောင်းတစ်ခု၏ အစိတ်အ ပိုင်းများတွေ့ရှိခဲ့သဖြင့် လူသတ်မှု
ဖွင့်ခဲ့ ကြသည်။

"စုံထောက်တွေက သက်ဆိုင်ရာ ဒေသတွေမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်။
အကြမ်းဖက်ခံရပြီးသေဆုံးခဲ့ ရတဲ့လက္ခဏာရှိတဲ့ လူအလောင်းတစ်ခု ကိုတွေ့ခဲ့ရပြီး
လူသတ်မှုသံသယဖြစ်ခဲ့ ရတယ်" ဟု ရုရှားစုံစမ်းရေးကော်မတီ ၏ ယာကူတီယာရုံးခွဲက
ဆိုခဲ့သည်။

ရုရှားနိုင်ငံတွင် လူသားစားခြင်း အ တွက် ရာဇ၀တ်မှုဥပဒေတွင် မည်သည့် ပုဒ်မမျှမရှိသော်
လည်း အဆိုပါလူနှစ်ဦး သည် အဖော်တစ်ဦးကိုစားခဲ့ကြသည် ဟု ကနဦးထင်မြင်ချက်များ
တွင်ဖော်ပြ ထားကြောင်း နိုင်ငံပိုင်ရုပ်သံသတင်း တွင်ဖော်ပြပြောဆိုသွားသည်။

စတုတ္ထ မြောက် လူမှာမူ မည်သို့ဖြစ်ကြောင်းရှင်း လင်းစွာမသိရသေးပေ။ ကယ်ဆယ်ခံရ
သည့် လူနှစ်ဦးကမူ အပြစ်မရှိကြောင်း ငြင်းဆိုထားကြပြီး ရာသီအေးသည့်အတွက်
တဲတစ်လုံး အတွင်းနေထိုင်ကာ တောရိုင်းအစား အစာများ စားသောက်လျက် အသက်ရှင်
သန်ခဲ့ရသည်ဟု ဆိုခဲ့ကြသည်။

သို့ရာတွင် ဆိုးရွားစွာနှင်းကိုက်ခံရသည့် ဒဏ်ရာများအတွက် ဆေးရုံတင် ကုသခံထားရ
သည့် ယင်းအမျိုးသား နှစ်ဦးသည် ဆေးရုံမှထွက်ပြေး သွားကြကာ ရဲများ၏လက်မှ
ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြထား
သည်။
ယာကူတီယာ စုံထောက်များကလည်း လျင်မြန်စွာအမှုမှန်ပေါ်ပေါက်ရေးအတွက်
ဒီအင်န်အေနှင့် သေမှုသေခင်း စစ်ဆေးမှုများကို စမ်းသပ်စစ်ဆေးလျက် ရှိသည်ဟု
ဆိုကြသည်။

(အေအက်ဖ်ပီ)
 Myanmar Times News 
ရွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map