ဒီဇင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းမှစတင်ရွေ့ အင်တာနက်သတင်းဝက်
ဆိုဒ်များတွင်ကျိုက်ထီးရိုးကင်မွန်းစခန်းအား ကေအန်ယူလက်နက်ကိုင်အဖွဲ့မှ
ဒီဇင်ဘာ ၁၉ရက်နေ့တွင် ၀င်စီးကာဆတ်ကြေးတောင်းဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါသတင်းနှင့်ပတ်သက်ရွေ့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း
အားဆက်သွယ်မေးမြန်းရာတွင် “အင်တာနက်သတင်းပါ အချက်အလက်များသည်
မှားယွင်းပါကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာ၁၄ရက်နေ့ညနေ၅နာရီခွဲခန့်တွင် ကေအန်ယူလက်
နက်ကိုင်အဖွဲ့ဟုယူဆရသော အင်အား ၆ ဦးခန့်သည်၁၀မိနစ်ကုန်းသို့ လက်နက်ကိုင်ဆောင်ကာ ရောက်ရှိလာပြီးယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးအား
လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်တောင်တက်မော်တော်ယာဉ်တစ်စီးလျှင်
ကျပ် ၅ သိန်းနှုန်းဖြင့်ဆတ်ကြေးပေးသွင်းရန် ပြောဆိုခဲ့ကြောင်း၊
ယင်းနောက် စေတီတော်ယာဉ်ပြင်တော်မှလူနာတင်ဆောင်မောင်နှင်လာသည့်
မော်တော်ယာဉ်အား ရပ်တန့်စေပြီးယာဉ်နှင့်အတူလိုက်ပါကာ ကင်မွန်းစခန်း
သို့ ထွက်ခွါသွားခဲ့ပါကြောင်း၊
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ရွေ့ တာဝန်ရှိသူများသိရှိသွားသဖြင့် ည ၇
နာရီခန့်အချိန်တွင် ကေအန်ယူဆက်ဆံရေးရုံးမှဦးအောင်သောင်းသိန်းနှင့်အဖွဲ့
ဝင်များတောင်တက်မော်တော်ယာဉ်ရုံးသို့ရောက်ရှိ လာပြီး တာဝန်ရှိသူများနှင့်
တွေ့ဆုံခဲ့ပါကြောင်း၊
၁၀ မိနစ်ကုန်း ဖြစ်စဉ်တွင် လုပ်ဆောင်ခဲ့သောတပ်ဖွဲ့ဝင်များသည် အထက်
လူကြီးများ မသိရှိပဲ လူကြီးများ မရှိခိုက်အရက်သေစာသောက်စားမူးယစ်နေခြင်း
ကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက်အဖွဲ့ကိုယ်စားတောင်ပန်ပါကြောင်း၊
စိုးရိမ်ကြောက်လန့်မှုမရှိရန်နှင့်ဆတ်ကြေးပေးသွင်းမှုကိုလည်း ဆောင်ရွက်ရန်
မလိုပါကြောင်းနှင့်နောက်နောင်မဖြစ်ပွါးစေရန်အတွက်ကိုလည်းပြောဆိုဆွေးနွေး
သွားခဲ့ပါကြောင်း၊ထိုဖြစ်စဉ်ဖြစ်ပွားပြီးပွားစေရေးအတွက်ကိုလည်း ထိန်းသိမ်းပေး
သွားမည်ဖြစ်ပါကြောင်းဖြင့်ပြောဆိုခဲ့ပါကြောင်းရွှေမြန်မာမီဒီယာဂရုမှသိရသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ ၁၀မိနစ်ကုန်းသို့ လက်နက်ကိုင်
၂ ဦး မျက်စိလည် လမ်းမှားရောက်ရှိလာပြီးကလေးကစားစရာ ၀ါးသေနတ်ပြု
လုပ်နေသော အမျိုးသမီးတစ်ဦးအား စွန်တောင်သို့သွားရောက်မည့် လမ်းကို
မေးမြန်းခဲ့ခြင်းသာရှိခဲ့ပြီးပစ်ခတ်မှုဖြစ်စဉ်များနှင့် ၀င်ရောက်စီးနင်းမှုဖြစ်စဉ်များ
ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါကြောင်း” ပြောကြားခဲ့သည်။
ပွင့်လင်းရာသီရောက်သည်နှင့်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည်
ဘုရားဖူးများဖြင့် စည်ကားနေလျက်ရှိပြီး ယခုနှစ်ဒီဇင်ဘာလအတွင်း
ဘုရားဖူးများများပြားခြင်းကြောင့်တည်းခိုးခန်းနှင့်ဟိုတယ်များပင်နေရာလပ်
မကျန်သည်အထိပြည့်နှက်သည်အထိ ဖြစ်ခဲ့သည်။
အင်တာနက်သတင်းတွင် ရေးသားဖော်ပြခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်ပင်
တောင်တက်ယာဉ်(၁၀၀)စီးခန့် (ဘုးရားဖူး ၅၀၀၀ခန့်) လာရောက်ဖူးမြှော်ခဲ့ပြီး
အေးချမ်းတည်ငြိမ်လျက်ပင်ရှိနေကြောင်း သတင်းရရှိသည်။
မင်းနန္ဒကျော်
ရွှေမြန်မာမီဒီယာဂရု

0 comments:
Post a Comment