<div style='background-color: none transparent;'></div>

Home » » ပင်ဂွင်းနှင့် ချစ်ခြင်း

ပင်ဂွင်းနှင့် ချစ်ခြင်း

ပင်ဂွင်းငှက်မျိုးများမှာ ထူးခြားနဲ့ လက္ခဏာတစ်ခု ရှိပါတယ်။

ပင်ဂွင်းငှက်မ သို့မဟုတ် အထီး တစ်ကောင်ဟာ အခြား အမ သို့မဟုတ် အထီး ပင်ဂွင်း ငှက်တစ်ကောင်နဲ့ ကြိုက်နှစ်သက်ပြီ ဆိုရင် အမြဲတမ်း တစ်တွဲ တွဲ သွားပါတယ်။ အထူးသဖြင့် အစာရှာ အတူထွက်တာ မျိုးတို့ ဖြစ် ပါတယ်။ ဒါက မထူးခြားသေးပါဘူး။

ထူးခြားတာကတော့ သူတို့နဲ့ အတူတွဲနေတဲ့ ချစ်သူ သို့မဟုတ် ကြင်ဖော် ဟာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားပြီဆိုရင် ဘယ် အခြား ပင်ဂွန်းနဲ့ မှ ပေါင်းသင်းနေထိုင်ခြင်း

မပြုတော့ပါဘူး။ ကျန်ရှိတဲ့ တစ်သက်လုံး အုပ်စု ထဲမှာ တစ်ဦးတည်းပဲ နေထိုင်ပြီး အစာရှာထွက်တာမျိုး၊ နေထိုင် တာမျိုးတို့ လုပ်ပါတယ်။

ယင်းကတော့ လေ့လာသူများ တွေ့ရှိထားတဲ့ ပင်ဂွင်းငှက်များရဲ့  ထူးခြားချက် တစ်ခု ရှိပါတယ်။ လူသားတွေထက် သစ္စာရှိပြီး ချစ်သူ ပင်ဂွင်း သေဆုံး သည့်တိုင် ဘယ်တော့မှ အချစ်သစ် မရှာတတ်တဲ့ ပင်ဂွင်းတို့ရဲ့  relationship ဟာ လေးစားစရာ ဖြစ်ပါတယ်။
--
Ref: rarefacts
 innewsmyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map