<div style='background-color: none transparent;'></div>

Home » » အကယ်ဒမီမေသန်းနု ပြောပြတဲ့ အောင်မြင်ခြင်း လျှို့ဝှက်ချက်

အကယ်ဒမီမေသန်းနု ပြောပြတဲ့ အောင်မြင်ခြင်း လျှို့ဝှက်ချက်

အနုပညာနဲ့ ပျော်မွေ့ပြီး နှစ် ပေါင်း ၂ဝ ကျော်အတွင်း အောင်မြင်တဲ့ ကိုယ်တိုင်မှတ်တိုင်စိုက်ထူနိုင်ခဲ့ သူ၊ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပြီး ကျရာ ဇာတ်ရုပ်ကို တစ်ထပ်တည်း၊ တစ်သားတည်း တင်ဆက်နိုင်သူ အနု ပညာရှင်ကတော့ ထပ်ဆင့်အကယ်ဒမီ မေသန်းနု ပဲ ဖြစ်ပါတယ်။မေသန်း နုကို သူ့ရဲ့အနုပညာ လမ်းကြောင်းပေါ်မှာ ကိုယ်ပိုင်မှတ်တိုင် တစ်ခုစိုက်ထူ နိုင်ခဲ့ဖို့အတွက် ပေးဆပ်ခဲ့ရတဲ့အချိန်နဲ့ အခက်အခဲကို မေးကြည့်တော့ ''မဆင့်တို့ခေတ်က ရုပ်ရှင်တစ်ခုတည်းပဲ ရှိတယ်။ ဗီဒီယိုတောင် မရှိသေးဘူး။ ဒီရုပ်ရှင်မှာ ကိုယ်ပါရဖို့ က တော်တော်လေးမလွယ်ဘူး။ ရိုက်ရတာလည်း ခက်ခဲတယ်။ ဖလင်ခေတ် ဆိုတော့ ဖလင်ကလည်း တအားရှားတယ်။ဈေးလည်းကြီးတယ်လေ။ ပြီးတော့ကိုယ့်ကြောင့်သူများ အနှောင့် အယှက်ဖြစ်မှာစိုးလို့ဒိုင်ယာလော့ခ် ကို တအားစိတ်နှစ်ပြီးကျက်ခဲ့ရတယ်။
ဒိုင်ယာလော့ခ်ပိုင်မှ ရိုက်တာ။ အခု ကျတော့ဗီဒီယိုကများလာတော့ ရိုက် လာဖန်များတော့အလေ့ အကျင့်ဖြစ် သွားတာ။
အခုခေတ်က မဆင့်တို့တုန်းက အချိန်နဲ့တအားကို ကွာခြားသွား တယ်။ ဘက်ပေါင်းစုံက လည်းရှိတယ်။ သီချင်းဆိုမလား၊ မော်ဒယ်လျှောက် မလား၊ သရုပ်ဆောင်ပြိုင်ပွဲလုပ်မလား ရွေးချယ်စရာတွေ တအားအခွင့် အလမ်း ရသွားတယ်။ မဆင့်တို့အချိန်တုန်းက ပေါ်ထွန်းဖို့ဆိုတာ တအားခက်ခဲပါတယ်''လို့ ပြောပြပါတယ်။ ဆက်လက်ပြီး အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်ပြီးမေသန်းနုက ''အောင်မြင်ဖို့လမ်းစရှိတယ် ဆိုရင် ရေရှည် ထိန်းသိမ်းတတ်ဖို့လည်းလိုအပ်တယ်။ ဒီအလုပ်ကို တန်ဖိုး ထားဖို့၊ လေးစားဖို့ လိုအပ်တယ်။ အဲ ဒါမှရေရှည် ထိန်းနိုင်မှာ။ စေတ နာ၊ ဝါသနာ၊ အနစ်နာခံပြီး လုပ်တယ်။ ကိုယ် တစ်ယောက် တည်း ကောင်း လို့ မဖြစ်ဘူး။ စုပေါင်းပြီး လုပ်တဲ့အတွက် အချိန် တိကျမှု၊ စည်းကမ်းက အစ လေးစားဖို့ လိုအပ်တယ်။ ဒါမှ စစ်မှန်တဲ့ အောင် မြင်မှု ရမယ်'' လို့ ပြောပါတယ်။

ထူးထူး
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map