<div style='background-color: none transparent;'></div>

Home » » ဖောက်ထွင်းဝိဇ္ဇာ ရှိုးဂန်း(ခ) စံလင်းအောင်အား ပြန်မိပြီ

ဖောက်ထွင်းဝိဇ္ဇာ ရှိုးဂန်း(ခ) စံလင်းအောင်အား ပြန်မိပြီ

မင်္ဂလာတောင်ညွန့် တရားရုံးခန်းမှ ထွက်ပြေး သွားသူ ဖောက်ထွင်း ၀ိဇ္ဇာရှိုးဂန်း (ခ) စံလင်းအောင်အား ပြန်လည်ဖမ်းမိလာပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဒုစရိုက်နှိမ်နှင်းရေးဌာနမှ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ယနေ့လေကြောင်းခရီးစဉ်ဖြင့် လားရှိုးမှ ရန်ကုန်သို့ ပြန်လည် ဖမ်းဆီး ခေါ်ဆောင်လာနေပြီဟု သိရသည်။
ယင်းဖောက်ထွင်းဝိဇ္ဇာဆိုသူသည် ၂၀၀၅ ခုနှစ်တွင် ခိုးမှုဖောက်ထွင်းမှုတို့ဖြင့် ထောင် နှစ် ၃၀
ကျခဲ့ပြီး မော်လမြိုင်ရဲဘက်စခန်းမှ ၂၀၀၇ ခုနှစ်တွင် ထွက်ပြေးသွားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် တိုင်းဒေသကြီး ဒုစရိုက်နှိမ်နင်းရေးဌာနမှ ပိုင်ရှင်ပေါ်ပြစ်မှု ၂၀၊ ပိုင်ရှင်မပေါ် ပြစ်မှု ၆ မှု စုစုပေါင်း ၂၆ မှုဖြင့် ဖမ်းဆီးရမိခဲသော်လည်း ဒီဇင်ဘာ ၁၀ ရက်နေ့က ၄င်း၏ တွဲဖက် ကျော်ဇေယျာလင်းနှင့် တရားရုံးအချုပ်ခန်းမှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map