<div style='background-color: none transparent;'></div>

Home » » အယ်ဂျာဇီးယားရုပ်သံမှလိမ်လည်လုပ်ကြံဖန်တီးထား ခြင်းဘူးပေါ်သလိုပေါ်

အယ်ဂျာဇီးယားရုပ်သံမှလိမ်လည်လုပ်ကြံဖန်တီးထား ခြင်းဘူးပေါ်သလိုပေါ်

အယ်ဂျာဇီးယား ရုပ်သံမှ ယနေ့မြန်မာစံတော်ချိန် ၁၂.၃၀ မှ စတင်၍ ပြသဆဲဖစ်သော HiddenGenocide အမည်ရှိ  documentary အမည်ခံ တင်ပြချက် တစ်ခုမှာ- အတုလုပ်ကြံ ဖန်တီးထားခြင်း ဖြစ်ကြောင်း သူတို့၏ တင်ပြပုံ အမှား တစ်ခုမှ စတင် ဖော်ထုတ် တွေ့ရှိရသည်။၁၂.၄၅ ခန့်တွင် စစ်တွေမြို့မှ ရိုဟင်ဂျာ ဆိုသူတစ်ဦး၏ ပြောဆိုချက် ဆိုသည်ကို ထုတ်လွှင့်ရာတွင် အဆိုပါ ရိုဟင်ဂျာဆိုသူမှာ စစ်တွေမှလဲ မဟုတ်- ရခိုင်ပြည်နယ် အတွင်းမှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဘင်္ဂလီတစ်ဦးသာ ဖြစ်ကြောင်း ဘူးပေါ်သလို ပေါ်သွားခဲ့ရသည်။

အဆိုပါ ရိုဟင်ဂျာ ဆိုသူက စစ်တွေတွင် နစက မှ နှိမ်နင်းကြောင်း ပြောဆိုချက်ကို ကြည့်ခြင်းဖြင့် ၄င်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ နစက တစ်ခုတည်း ကိုသာကြားဖူးသော ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီဖြစ်ကြောင်း သိသာပါသည်။


ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဆိုသူများ သုံးစွဲသည့် မေလေထရီ.. military ဆိုသော အသုံးအနှုန်းမှာလည်း ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများက စစ်တပ်ကို ခေါ်ဝေါ်သော အသုံးအသုံးအနှုန်းသာ ဖြစ်ပြီး ရခိုင်ပြည်တွင် နေထိုင်သော ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီလူမျိုးများ သုံးစွဲကြသည့် ဝေါဟာရ မဟုတ်ပေ။

ရခိုင်ပြည်မှ ဘင်္ဂလီများတွင် သူတို့တွင် မရှိသည့် ဝေါဟာရများကို မြို့တော်ခန်းမ၊ မ၀တ၊ ပညာရေးမှူး၊ စစ်တပ် စသည်ဖြင့်သာ သုံးစွဲကြပြီး. မေလေထရီ.. military ဟု သုံးစွဲခြင်း မရှိပါ။

ထို့ကြောင့် အယ်ဂျာဇီးယား အနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများကို ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဟူ၍ လိမ်လည် အသုံးပြုထားကြောင်း၊ ဇာတ်လမ်း အစအဆုံး လုပ်ကြံဖန်တီးထားကြောင်း တင်ပြပါသည်။

ရုပ်သံဇာတ်လမ်းအတုမှာ ဆက်လက်ထုတ်လွှင့်ဆဲဖြစ်ပြီး ဇာတ်လမ်း အစအဆုံး လိမ်လည် ထားသည်ကို တွေ့ရှိနေရ ပါသည်။

Rakkhapureans News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map