<div style='background-color: none transparent;'></div>

Home » » စာပေဟောပြောပွဲခွင့်မပြုဘဲ ဇာတ်ပွဲသာ ကပြခွင့်ပြုခဲ့သည့် အင်ဒေါင်းရွာ ပွဲခင်းအတွင်း လူသတ်မှုဖြစ်ပွား

စာပေဟောပြောပွဲခွင့်မပြုဘဲ ဇာတ်ပွဲသာ ကပြခွင့်ပြုခဲ့သည့် အင်ဒေါင်းရွာ ပွဲခင်းအတွင်း လူသတ်မှုဖြစ်ပွား

ထီးချိုင့်မြို့ ကြက်တကောင်ရွာနှင့် အင်ဒေါင်း
ရွာတို့တွင် ဘုန်းတော်ကြီးများကကြီးမှူးသည့် ၁၀၊၁၁ရက်နေ့တို့တွင်စာပေဟောပြောပွဲကို သက်ဆိုင်ရာဒေသအာဏာပိုင်
 

(မြို့နယ်အုပ်ချုပ်ရေးမှူး)မှ ဟောပြောပွဲလုပ်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့ပါသည်၊

ထိုသို့ စာပေဟောပြောပွဲကို ပိတ်ပင်ခဲ့သော်လည်း ၁၅၊၁၆၊၁၇ရက်နေ့အင်ဒေါင်းရွာ
တွင်ကျင်းပသည့် မိုးဆန်းပန်းဇာတ်သဘင်အဖွဲ့ကိုတော့ ပွဲမိန့်ပေး၍ 
ကပြခွင့်ပြုခဲ့ပါသည်၊


ထိုသို့ ကပြခွင့်ပြုခဲ့သည့် ပွဲအတွင်း ရွာသားချင်း အချင်းများပြီး လူသတ်မှုဖြစ်ခဲ့ကြောင်း
 ဒေသခံ ရဟန်းတစ်ပါးမှ ပြောကြားခဲ့ပါသည်၊

စာပေဟောပြောပွဲ ကျင်းပခွင့်ကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထပ်မံတင်သွားမည်ဖြစ်ပြီးခွင့်ပြုသည့်အချိန်တွင် ထပ်မံကျင်းပသွား
မည်ဖြစ်ကြောင်းနှင့် ၄င်းတို့ ခွင့်မပြုခဲ့သည့် ယခုစာရေးဆရာမနှင့် ကာတွန်း
ဆရာကိုပဲ ရအောင်ဖိတ်ကြားသွားမည်ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါသည်။

_

-ဟာဂျူလီ ကသာ


ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့် ဖရိုနီကယ်လ် စက်ရုံဧရိယာ
ထီးချိုင့်မြို့
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map