<div style='background-color: none transparent;'></div>

Home » » ဆီးဂိမ်း ဖျော်ဖြေပွဲမှာ မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး ဖြစ်သွားတဲ့ ခိုင်သင်းကြည်

ဆီးဂိမ်း ဖျော်ဖြေပွဲမှာ မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး ဖြစ်သွားတဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည်က ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးတဲ့ “ကျော်ကြား နဲ့ အမွှေစိန်” ဆိုတဲ့ ဇာတ်ကားကို ခန့်စည်သူနဲ့ သရုပ်ဆောင်နေပါတယ်။ ဟာသ ဇာတ်ကားလေး ဖြစ်ပြီး ရယ်ရတ
ာကြောင့် ပရိသတ် တွေလည်း ကြိုက်မယ် ထင်တယ်လို့ ပြောပြပါတယ်။

ခိုင်သင်းကြည် က ဆီးဂိမ်း ဖျော်ဖြေပွဲမှာ ဒေါ်ကြည်ကြည်ဌေး အဖြစ် သရုပ်ဆောင် ရမှာ ဖြစ် တာကြောင့် ပြင်ဆင်မှုတွေလည်း လုပ်နေရတယ်လို့ ပြောပြတာကြောင့်..
“နာမည်ကြီးတဲ့ မြန်မာ သရုပ်ဆောင်တွေကို ကိုယ်စားပြု နဲ့ နိုင်ငံခြားမှာ ရှိခဲ့တဲ့ သရုပ်ဆောင်တွေကို ကိုယ်စားပြုပြီး ကပြကြမှာ၊ အဲဒီ အထဲမှာမှ မြန်မာ မင်းသမီး ဒေါ်ကြည်ကြည်ဌေး နေရာ ကို လုပ်ဖို့ ဦးမျိုးမင်း တို့က ရွေးထား တာ ကိုလည်း ကျေနပ်ပါတယ်။ အဓိကက အဝတ်အစားကို ပြင်ဆင်ရတယ်။ အဲဒီခေတ်ကို မခိုင်တို့ ကျတော့ သိပ်မမီဘူးလေ။ ကြည့်ဖြစ်တဲ့ ကား က ဒေါ်ကြည်ကြည်ဌေး က အမေခန်း ရောက်သွားပြီ၊ ငယ်ငယ် တုန်းကကားတွေ မကြည့်ရတော့ ကိုယ့်ထက် ဝါရင့်တဲ့ မမို့ တို့ကို မေးရတာပေါ့၊ လေသံကအစ ဘယ်လိုမျိုးလဲပေါ့။ အခွေ လည်း ရှာပေးမယ် ပြောတယ်။ ပြန်ကြည့်လို့ ရတာပေါ့။ စကားက အများကြီး မပြောရဘူး။ နည်းနည်းစီပဲ ပြောကြရမှာလေ။ အဝတ်အစားက အဲဒီခေတ် ပုံစံမျိုးချုပ်ရတာပေါ့။ ဒါပေမဲ့ ဇာတ်ကား ရိုက်တဲ့ အခါ အဲဒီခေတ် ပုံစံတွေလည်း ပါတာတွေ ရှိတော့ ဝတ်တဲ့ သဘော တရားလေး တွေတော့ သိတာပေါ့။ ဒီလိုမျိုး တကယ့်ကို အကယ်ဒမီတွေ လည်း အများကြီး ရခဲ့တယ်။ ဝဏ္ဏကျော်ထင်ဘွဲ့လည်း ရခဲ့တယ်။ ကိုယ်လေးစား အားကျရတဲ့ အနုပညာရှင်ကြီးရဲ့ နေရာကနေ သရုပ်ဆောင် ရမယ်ဆိုတော့ ကျေနပ်ပါတယ်” လို့ ပြောပြပါတယ်။

၂ဝ၁၃ ဆီးဂိမ်းကို မြန်မာနိုင်ငံမှာ လုပ်မှာ ဖြစ်တဲ့ အတွက်လည်း နိုင်ဖို့ မျှော်လင့်ထားသလို၊ နိုင်စေချင်တယ် လို့ပြောတဲ့ ခိုင်သင်းကြည်က…
“အားကစားမှာ တခြား နိုင်ငံတွေနဲ့ ပြိုင်ရင် ကိုယ့်နိုင်ငံ နိုင်ချင်တာပဲ သိတာလေ၊အခု အားသာတာက ကိုယ့်နိုင်ငံမှာ လာလုပ်တယ် ဆိုတော့ ပရိသတ် အားပေးတဲ့ အသံနဲ့ ဒီအားကစား သမားတွေက ပို စိတ်ဓာတ် တက်ကြွပြီး ပိုနိုင်မယ်လို့ မျှော်လင့် ထားတယ်”လို့လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ-အောင်ဇော်မင်း
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map