<div style='background-color: none transparent;'></div>

Home » » ခြောက်နှစ်သမီးကို အရက်အတင်းတိုက်ပြီး သူငယ်ချင်းများနှင့် မတရားပြုကျင့်သည့်ဖခင်

ခြောက်နှစ်သမီးကို အရက်အတင်းတိုက်ပြီး သူငယ်ချင်းများနှင့် မတရားပြုကျင့်သည့်ဖခင်

အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင်ဖခင်ဖြစ်သူက ခြောက်နှစ်အရွယ် ၎င်း၏ သမီးအား အရက်အတင်းတိုက်ခဲ့ကာမတရားပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူကတိုင်ကြားခဲ့သည်ဟု သိရသည်။ ဖခင်နှင့် မိခင်ကွဲနေကြ ရာတွင် မိခင်က သမီးကို ပြုစုစောင့်ရှောက်နေရာမှ ဖခင်အား တလှည့် သမီးကို ပြုစုစောင့်ရှောက်ရန် တောင်းဆိုခဲ့ပြီးနောက် ယင်းဖြစ် ရပ် ပေါ်ပေါက် ခဲ့တာဖြစ်ကြောင်း သိရသည်။

မတရားပြုကျင့်ခံရသူ မိန်းကလေးက ဖခင်အပြင် ဖခင်၏ သူငယ်ချင်းများကလည်း သူမကို မတရား ပြု ခဲ့ကြောင်း ကို ဖွင့်ဟပြောဆိုခဲ့သည်။ ဖခင်ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

Kottayam နှင့် Kannur အပိုင်း၌လည်း ရက်ပိုင်းဆိုသလိုပင် ယင်းကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Kannur တွင် ဆယ်ကျော်သက်မိန်းကလေးအား ဖခင် ၊ ဦးလေး နှင့် အစ်ကိုတို့က မတရားပြု ကျင့်မှု ဖြစ်ပွားခဲ့ပြီး Kottayam တွင်မူ ဖခင်က ဆယ်ကျော်သက်သမီးနှစ်ဦးကို မတရားပြုကျင့် ခဲ့တာဖြစ်ကြောင်း သိရသည်။

မူရင်းလင့်
မြန်မာ့သားကောင်း
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map