ရန်ကုန်တိုင်း ဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ ယမုံနာလမ်း၊
အမှတ် (၂/၄) ရှိ သီရိစံ အိမ်ဟိုတယ် အခန်း -- - တွင် ၂၄-၁၁-၂၀၁၂ ရက်က
ဖြစ်ပွားခဲ့ သော အမျိုး သမီး တစ်ဦး အသတ်ခံရခြင်း နှင့်ပတ်သက်၍
လူသတ်မှုကျူးလွန်သူဟု ဆိုသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်
ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာမှ ၂၉- ၁၁-၂၀၁၂ ရက်က သိရသည်။
စုံစမ်းသိရှိရသဖြင့် သီရိစံ အိမ်ဟိုတယ်သို့ မေးမြန်းရာ ဖြစ်စဉ်ပါနှစ်ဦးသည် ၂၄-၁၁- ၂၀၁၂ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်ခန့် မှ စတင်ကာ လာရောက်တည်းခိုသူများ ဖြစ်ကြောင်း၊ ယင်းနေ့ ည ၉ နာရီအချိန် ခန့်တွင် မောင်လေး(ခ)ဟာနစ်မှာ အပြင် ခဏသွားမည်ဆိုကာ ထွက်သွားကြောင်း၊ ပြန်လည်ရောက်ရှိလာခြင်း ရှိမရှိကို သတိ မထားမိကြောင်း ၂၅-၁၁-၂၀၁၂ ရက် အခန်းအပ် ရန် ဆက်သွယ်မေးမြန်းကာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။
ယင်းနောက် အမှုမှ မသင်္ကာဖြစ်သူ မောင်လေး (ခ) ဟာနစ်ကို ဆက်လက် ရှာဖွေခဲ့ရာ ၂၆-၁၁-၂၀၁၂ ရက် နံနက် ၂ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သီရိဟေ မာရပ်ကွက်တွင် ဖမ်းဆီးရမိပြီး စစ်ဆေး မေးမြန်းရာ မောင်ေ်လေး (ခ) ဟာနစ်က သေဆုံးသူ မ----ဖြင့် ဖုန်းဖြင့်ဆက်သွယ် ချိန်းဆိုခဲ့ကာ သီရိစံအိမ်ဟိုတယ်တွင် အခန်းခ ကျပ်တစ်သောင်းပေး၍ နေထိုင်ခဲ့ ကြောင်း၊ ယင်းနောက် အသင့်ပါလာသော ခလုတ်ခေါက် ဓားကို ရေချိုးခန်း အိမ်သာရေ လောင်း၊ြွေကအိုးနောက်တွင် ဝှက်ထားခဲ့ ပြီး မ----နှင့် နှစ်ကြိမ်ဆက်ဆံခဲ့ပြီး နှစ်ဦးသား ခဏကြာ အိပ်ပျော်ခဲ့ကြောင်း၊ အိပ်ယာ မှနိုးစဉ် နှစ်ဦး သားခုတင်ပေါ်တွင် စကားထိုင်ပြောနေရာမှမိမိက မ..... အား "ယခုလိုတခြားသူစိမ်းယောကျာ်း လေးများနဲ့လာဘူးလား" ဟု မေးလိုက်ရာ မှ စကားများရန်ဖြစ်ခဲ့ကြစဉ် မိမိအား ရိုင်းစိုင်းစွာပြောဆိုပြီး ပါးရိုက်သဖြင့် အသင့်ပါလာသော ဓားကိုယူ၍ မ---- ၏ ဗိုက်အား တစ်ချက်ထိုးခဲ့စဉ် ပြန်လည် ခုခံရန်ကြိုးစားသဖြင့် ဝမ်းဗိုက်ကို ဓားဖြင့် ဆင့်ကာဆင့်ကာ ထိုးခဲ့ကြောင်း၊ ယင်း နောက်ဟိုတယ်မှ ကားငှားကာ နေအိမ် အနီးသို့ပြန်၍ ဇနီးဖြစ်သူထံမှ ခရီးသွား မည်ဟုဆိုကာ အင်္ကျီ အဝတ်အစားများယူ ပြီး ပဲခူးရှိ ဇနီးဖြစ်သူ၏အစ်ကိုထံ သွား ရောက်နေထိုင်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါပုံ ရဲစခန်းက (ပ) ၄၆၇/၂၀၁၂ ပုဒ်မ-၃၀၂ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ နေထက်ဝေ
ပြည်မြန်မာ


0 comments:
Post a Comment