<div style='background-color: none transparent;'></div>

Home » » လူမှုရေး ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ Miss Myanmar နန်းခင်ဇေယျာရဲ့ရင်ဖွင့်သံလေးများ

လူမှုရေး ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ Miss Myanmar နန်းခင်ဇေယျာရဲ့ရင်ဖွင့်သံလေးများ

အားလုံးပဲ မင်္ဂလာနေ့သစ်ပါရှင့်။ ပရဟိတ လုပ်ငန်းများ၊ လူမှုရေးလှုပ်ရှားမှုများကို ညီမ စတင် လုပ်ဆောင်တော့မယ့် အကြောင်းကိုလည်း အသိပေးပါရစေ။ ညီမအနေနဲ့ ညီမနိုင် သလောက်အင် အားလေးနဲ့ ပရဟိတလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မှာပါ။ ညီမကို ချစ်တဲ့၊ အားပေးတဲ့ ညီမရဲ့ ပရိတ် သတ်ကြီးလည်း ညီမနဲ့အတူ လှုပ်ရှားမှုများမှာ နိုင်သလောက် ပါဝင်လှုဒါန်းကူညီ ပေးကြမယ်လို့ ယုံကြည်ပါတယ်။ ညီမလုပ်ချင်တဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ညီမအနေနဲ့ တတ်နိုင်သလောက် လုပ်နိုင်အောင် တစ်လခြင်းစီကို ခေါင်းစဉ်လေးတွေခွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ညီမရဲ့ သူငယ် ချင်းတွေ၊ ပရိတ်သတ်တွေ အနေနဲ့လည်း ကိုယ်နှစ်သက်တဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ကိုယ်ကျပါဝင်လှူဒါန်းနိုင်ကြပါတယ်။ အမှန်တကယ်လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းနိုင်အောင်လည်း ကြိုးစားပါမယ်။ ညီမကို မြန်မာနိုင်ငံသားတွေ ပေးထားတဲ့ နေရာ၊ ပေးထားတဲ့ မေတ္တာတွေ အတွက် ညီမ အကောင်း ဆုံးကြိုးစားလုပ်ဆောင်သွားပါ့မယ်။
 

အောက်တိုဘာ ၃၀ ရက်နေ့က ညီမကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ လှည်းကူးမြို့နယ်မှာရှိတဲ့ မေတ္တာ ပရဟိတဂေဟာ(အနာကြီးရောဂါသည်များ ပြန်လည်ထူထောင်ရေးဂေဟာ) ကို အောက်တိုဘာလ ၂၅
 ရက်နေ့မှာ နောက်တစ်ကြိမ်ညီမသွားရောက်လှူဒါန်းပါဦးမယ်။ ညီမလိုမျိုး အဲ့ဒီနေရာကို လှူဒါန်းလိုတဲ့ ပရိတ်သတ်များအနေနဲ့လည်း ကိုယ်တိုင်လိုက်ပါလိုတယ်၊ လှူဒါန်းလိုတယ်ဆိုရင် nangkhinzayyar @gmail.com ကိုဆက်သွယ်အကြောင်းကြားပေးနိုင်ပါတယ်။
၁) အ၀တ်အစား
၂) အစားအသောက်
၃) လှူဒါန်းငွေ
၎) သူတို့အသုံးဝင်မည့် ပစ္စည်းများ
ကိုတတ်နိုင်သလောက်ပါဝင်လှူဒါန်းနိုင်ကြပါတယ်။
 
 
လှူဒါန်းသည့် ပမာဏ ပေါ်မူတည်ပြီး မြန်မာနိုင်ငံထဲမှာရှိတဲ့ တစ်ခြား အနာကြီးရောဂါ သည် ပြန်လည် ထူထောင်ရေးစ ခန်းများကိုပါ မျှဝေလှူဒါန်းပေးသွားမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်.... :)
 
ref:Nan Khin Zeyar ' FB
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map