<div style='background-color: none transparent;'></div>

Home » » “ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်နေ ”

“ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်နေ ”

အမေရိက ကမ်းခြေတစ်ဝှိုက်ပြင်းထန်စွာ တိုက်ခတ်သွားတဲ့ မုန်တိုင်းဆန်ဒီကြောင့် voting peroid ကို နိုဝင်ဘာ ၂ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်းကြေငြာခဲ့ပြီးဖြစ်ပါတယ် ။ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်လျှက်ရှိပါတယ် ။ ယမုံမိုးမှာ မြန်မာဝတ်စုံနဲ့မရှိဘူး မြန်မာစကားမတတ်ဘူးလား မြန်မာလို မရေးတတ်ဘူးလားစသဖြင်
့ ဝေဖန်ချက်ပေါင်းများစွာကို လူမှုကွန်ယက် စာမျက်နှာများမှာ တွေ့ခဲ့ကြပြီးဖြစ်ပါတယ် ။ အဲဒီဝေဖန်ချက်တွေအတွက် ကျွန်တော်ဖြေရှင်းချက်လေးတွေပေးချင်ပါတယ် ။

၁ ။ ယမုံမိုးဟာ ကျွန်တော်တို့သိပ်မသိခဲ့ကြပေမယ့် အမေရိကမှာ ထင်ရှားကျော်ကြားလှတဲ့ Professional Model တစ်ဦးအဖြစ်အသက် ၁၄ နှစ်ကတည်းက ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာခဲ့သူတစ်ဦးဖြစ်တယ် ။

၂ ။ သူ့မှာ မြန်မာဝတ်စုံကိုမြတ်နိုးပြီး ရိုက်ထားတဲ့ပုံပေါင်းများစွာရှိပါတယ် ။ ကျွန်တော်အခွင့်သင့်တဲ့အခါ တင်ပေးမှာဖြစ်ပါတယ် ။ အမေရိက မှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်နေပေမယ့် ကမ္ဘာကိုမြန်မာကသိအောင် မြန်မာ့စလွယ်ကို လွယ်လို့ ၀င်ပြိုင်တာဟာတကယ်တော့ ကဲ့ရဲ့စရာကိစ္စမဟုတ်ပါဘူးး။ ကျွန်တော်တို့ အားပေး ကူညီ ဂုဏ်ယူရမှာဖြစ်ပါတယ် ။

၃ ။ သူ့အင်တာဗျုးဗွီဒီယိုတွေ ယူကျု့မှာရော တခြားဆိုက်တွေနဲ့သူ့စာမျက်နှာတွေမှာရှိပါတယ် ။ အဲဒီမှာ သူမြန်မာလိုပြန်ဖြေထားတာတွေရှိပါတယ် စကားသံနည်းနည်းဝဲပေမယ့် မြန်မာလို ကျွန်တော်တို့လိုပဲ မြန်မာစကားကို မြန်မာလို သိမ်မွေ့စွာပြောတာတွေ့ရမှာဖြစ်ပါတယ် ။

၎ ။ သူ့မှာ ဇော်ဂျီဖောင့် လက်ကွက်မရှိတာမှန်ပါတယ် ။ ဒါပေမယ့် ဇော်ဂျီဖောင့်တော့သွင်းထားတယ်လို့သိရပါတယ် ။ ဒီတော့ ဝေဖန်အားပေးမှုမှန်သမျှ သူ မြင်နေရပါတယ် ။ တိုက်ခိုက်ဝေဖန်ခံရမှုပေါင်းများစွာအောက်မှာ မျက်နှာမပျက်ပဲ စိတ်အားမငယ်ပဲ . . .ရသမျှ ပရိတ်သတ်လေးကိုပဲ အားတက်အောင်လုပ်လို့ သူ့ကိုယ်သူရပ်တည်နေခဲ့တာလည်း သူ့ပရိတ်သတ်များ အသိဆုံးဖြစ်ပါလိမ့်မယ် ။ နောက်တစ်ခုပြောချင်ပါသေးတယ် လူတစ်ယောက်မကောင်းကြောင်းကို ကွယ်ရာမှာ ပြောရင်တောင်အရမ်းအားနာဖို့ကောင်းတာ အခု လို စာမျက်နှာထက်တွေမှာ ရုပ်ဆိုးလိုက်တာ သံပုရာသီးစုပ်ထားတဲ့ရုပ် လုံးဝအားမပေးဘူး စသဖြင့်ပြောနေကြတာ ကာယကံရှင်အတွက် လုံးဝကို အထိနာစေပါတယ် . .တကယ်အားမပေးချင်ရင်တောင်ကျော်ဖတ်သွားလို့ရတာပဲမဟုတ်လား အခုလို မျိုး ၀ိုင်းနှိမ်ကြတာတော့ မကောင်းဘူးလို့ ကျွန်တော်မြင်ပါတယ် နန်းခင်နဲ့ သူနဲ့ယှဉ်ပြီးပြောနေကြတာ ကျွန်တော်နားလည်ပါတယ် ဒါပေမယ့် အခြေအနေခြင်းမတူပါဘူး ကွာခြားချက်ပေါင်းများစွာထဲမှာ ကျွန်တော်တို့ MYANMAR ကိုသာအားပေးရမှာဖြစ်ပါတယ် ခေါင်းစဉ်တစ်ခုတည်းအောက်က အကြောင်းအရာတွေကို ရှုပ်ရှုပ်ထွေးထွေးမတွေးစေချင်ပါဘူး ။ ရုပ်လှခြင်းမလှခြင်းဆိုတာ ဘ၀ပေးကုသိုလ်ကံနဲ့သာဆိုင်ပါတယ် ။ ဘယ်လို ထိုးနှက်နှက်မယိုင်လဲသွားတဲ့ စိတ်ဓါတ်ကသာ မြန်မာပီသကြောင်းပြနေတာပါ ။


၅ ။ သူ့အားသာချက်ကို ကျွန်တော်ပြောပြီးပါပြီ ။ သူ့မှာ ပရိတ်သတ်ကို လေးစားတယ် ပြန်အဖက်လုပ်တယ် ကွန်းမန့်ပြန်ရေးတယ် မက်ဆေ့ကနေ ပြန်ဖြေတယ် ဒါဟာ Keep in touch ဖြစ်တဲ့သဘောပါ အားပေးရတဲ့သူလည်း အားတက်ဖို့ကောင်းပါတယ် ။

အခုပြိုင်နေတဲ့ ပွဲဟာအ မေရိကကို အကြောင်းအမျိုးမျိုးကြောင့်လာရောက်ခိုလှုံနေကြတဲ့ကမ္ဘာအရပ်ရပ်က မော်ဒယ်တွေပြိုင်တဲ့ပွဲ နိုင်ငံတကာအဆင့်မှီပွဲဖြစ်သလို MI 2012 တုန်းကလိုပဲ လှတာတစ်ခုတည်းမဟုတ် အထွေထွေဗဟုသုတသာမက . . .ယဉ်ကျေးမှုထုံးတမ်းစဉ်လာ လျှပ်တပြတ်မေးခွန်းတွေ Personaility တွေ Attitude တွေပါ ယှဉ်ပြိုင်ရတာဖြစ်ပါတယ် ။

စစချင်း အယောက် ၅၀ ပြိုင်တဲ့အခါ အခု ဇကာတင် ၂၄ ယောက်ထွက်ပေါ်လာပါပြီ ။ မြန်မာ က ယမုံမိုးဟာ အခြေအနေအရမ်းကောင်းနေပါတယ် ။ သူ့ကြိုးစားမှုက အံ့မခန်းလိလိနဲ့ Professional ဆန်လှပါတယ် ။ တဖြည်းဖြည်း လူတွေပြုတ်လာလိုက်တာ အာရှ မှာ မြန်မာက ယမုံမိုးတစ်ယောက်ပဲကျန်ပါတော့တယ် ။ ကဲ ကျွန်တော်တို့ အားမပေးသင့်ဘူးလား ။

အသက် ၁၄ နှစ်ကတည်း ဒီအလုပ်နဲ့ရပ်တည်ခဲ့သူပီပီ အခု အွန်လိုင်း voting ကလည်း သူ့ဖိုင်နယ်အဖြေအတွက် ၁၀ %အထောက်အကူပေးမှာဖြစ်ပါတယ် ။ ကျန်တဲ့ ၉၀% ကတော့ သူ့ကြိုးစားမှုအပေါ်မူတည်ပါတယ် ။ မကြာခင် နိုဝင်ဘာ ၃ ရက်နေ့မှာ ဖိုင်နယ်ပွဲစဉ်ရောက်လာတော့မှာဖြစ်ပါတယ် ။ ကျွန်တော်တို့ အခြေအနေ ကောင်းနေတယ်ဆိုပေမယ့် ဂျော်ဂီယာကို လျှော့တွက်လို့လုံးဝမရတော့ပါဘူး ။

ငါးမိနစ်အတွင်းမှာ မြန်မာက like ၅၀ တက်ပြီး ဂျော်ဂီယာက ၁၀၀ တက်နေပါတယ် ။ ဒီနှုန်းအတိုင်းသာဆို ကျွန်တော်တို့ကို ခဏလေးအတွင်းမှီသွားနိုင်ပါတယ် ။ ပြိုင်ပွဲကျင်းပသူတွေက တစ်ယောက်ချင်းစီကို မက်ဆေ့ပို့ထားတာလည်းရှိပါတယ် ။အဲဒါကတော့ fake account တွေမသုံးဖို့နဲ့ real account ကိုသာသုံးကြဖို့ဖြစ်ပါတယ် ။ ကျွန်တော့်အမြင်တော့ created date ရယ် Insufficient data တွေကိုမူတည်ပြီး အကောင့်စစ်ဟုတ်မဟုတ်ကို စုံစမ်းတဲ့အဖွဲ့သူတို့မှာ ဖွဲ့ထားပြီးဖြစ်ပါတယ် ။

ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ ။ အခုအချိန်မှာ သိပ်မကျန်တော့တဲ့ အချိန်မှာ ကျေးဇူးပြုပြီး အမြင်မတူတာတွေကို ခဏအသာချထားလို့ ငါတို့ မြန်မာ့စလွယ်လေး ငါတို့နိုင်ငံကိုကိုယ်စားပြုနေတယ်ဆိုတဲ့ မြန်မာဆိုတဲ့အတွေးလေးနဲ့ like လေးတွေပြုလုပ်ပေးကြပါ ။

အရေးအကြီးဆုံးက like ပြုလုပ်ပြီးသူများလည်း ဒီပို့စ်လေးကို ရှဲပေးကြပါလို့ လေးစားစွာတောင်းဆိုပါတယ် ။

----------------------------------

အဆင့်၁ ။ https://www.facebook.com/DiasporaModels ကိုသွားပြီး Like လုပ်ပါ ပြီးတော့ မြန်မာပုံကိုရှာပြီး like လုပ်ပေးရမှာပါ ကျွန်တော်လိုက်ရှာတာတော့အောက်ပါလင့် ၂ ခုကိုတွေ့ပါတယ် အဆင်သင့်ဖြစ်အောင် အောက်မှာဖော်ပြပေးထားပါတယ် ။

အဆင့် ၂ ။ https://www.facebook.com/photo.php?fbid=10151123454943892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ Like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

အဆင့် ၃ ။ https://www.facebook.com/photo.php?fbid=10151136887763892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

--------------------------------

၅း၂၃ update

မြန်မာ - ၁၀၀၄၀+၈၇၈၀ = ၁၈၈၂၀
ဂျော်ဂီရာ - ၅၇၉၅ +၈၅၂၇ = ၁၄၃၂၂

----------------------------

တချို့လူတွေ ပြောသလို သိပ်ပြီး မကြီးကျယ်ဘူး မခမ်းနားဘူးဆိုပါစို့ . . ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် မြန်မာဆိုတာ ဒီလိုအားပေးကြပါလား မြန်မာဆိုတာ ဒီနိုင်ငံလေးပါလားဆိုတာ သိသွားရင်ပဲ ကျွန်တော်တို့အချိန်ကုန်ခံရကျိုးနပ်တယ်လို့မြင်မိပါတယ် ။ တိုက်တစ်လုံးလုံးမဆောက်နိုင်ပေမယ့် အုတ်တစ်ချပ် သဲတစ်ပွင့်လေး ကူလိုက်ရင်ပဲ . . တကယ့်ကို အကျိုးရှိလှပါတယ် ။

သက်တန့်ချို
၃၁ အောက်တိုဘာ ၂၀၁၂

MYANMAR ကို အားပေးကူညီကြစို့ ။

ယမုံမိုးရဲ့ပါစင်နယ်အကောင့် - https://www.facebook.com/nidataylor.m
ယမုံမိုးရဲ့ ဖန်ပေ့ခ်ျ - https://www.facebook.com/fanpage.nidataylor
http://www.facebook.com/authorthettantcho?fref=ts
Share this article :

1 comments:

sawnaung said...

ရှင်ဘယ်လိုလူလဲ နန်းခင်တုန်းကတော့ ဒီလို၂ ပိစ်ဝတ်ပြလို့ လူကြိုက်များလူစိတ်ဝင်စားခဲ့ တာလို့ ပြောခဲ့ ပြီး ခုတော့ မြန်မာလို ဝတ်စုံတောင်မရှိတာကြတော့ ရှင်ကာကွယ်ပြောနေတာ ရှင့်ရဲ့ သတင်းသမားမပီသမှု့ ဘဲ ဒါပေမဲ့ မြန်မာပီသတဲ့ ကျမတို့ ကကိုယ့်မြန်မာမို့ လို့ ကို လိုက်လုပ်ပေးပါတယ် ကိုယ့်ကိုယ်ကိုတော့သံသယဖြစ်တယ် မလှဘဲ မကြိုက်ဘဲ နဲ့ လိုက်ခ် လုပ်တာဟာ အခြားလှလှ ပပတွေ အပေါ်မတရားဘူးလားလို့ 

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map