ရန်ကုန်-နိုဝင်ဘာ၂
မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများကို မိနစ်ဖြင့် ကောက်ခံ ခြင်းကို ဖျက်သိမ်း၍ Data စနစ်ဖြင့်
ကောက်ခံခြင်းကို ယခုလကုန်တွင် ပြုလုပ်တော့မည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။
Data သုံးစွဲမှုကောက်ခံသည့် စနစ်တွင် အင်တာနက် သုံးစွဲမည်ဆို ပါက ဒေါင်းလော့ဆွဲခြင်း၊ ဗီဒီယို ကြည့်ခြင်း
စသည့် သုံးစွဲထားသည့် ဖိုင်ဆိုက်အပေါ်မူတည်၍ ငွေကြေး ဖြတ်တောက်မှုများ ပြုလုပ်သွားမည်
ဖြစ်ပြီး ဒေါင်းလော့ဆွဲခြင်းမပြုလုပ် ဘဲ
သာမန်ဝက်ဘ်ဆိုက်များသာ ကြည့်ရှု့ပါက လက်ရှိကောက်ခံ သည့် တစ်မိနစ် နှစ်ကျပ်နှုန်း ကျမည်မဟုတ်ပဲ
ယင်းထက်လျော့ နည်းသည့် နှုန်းသာ ပေးဆောင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စနစ် တွင် ငွေကြေးကောက်ခံမှုနှုန်း ထားများအား ညှိနှိုင်းဆွေးနွေးလျက် ရှိပြီး ယခုလကုန်တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် တစ်ဦး ကတည်ပြုပြောကြားခဲ့သည်။ အောင်ဇော်
popular news journal

5 comments:
လိုင်းကောင်းအောင်သာလုပ်ပါသတင်းကောင်းလေးတွေကြည့်၇တာပေါ့

အဆင်ပြေ အောင်သာ လုပ်ပါ။ထိုက် သင့် တဲ့ငွေ ပေးရ
တာ အရေး မကြီး ဘူး။လိုင်းမကောင်း ရင်တော့ စိတ်ဆိုး
တယ်။
Post a Comment