သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်နဲ့ ဓမ္မရိပ်သာမှာ အသစ် ဆောက်လုပ်လှူဒါန်းတဲ့ “ဓမ္မဂုဏ်ရည်” ကျောင်းဆောင်သစ် ရေစက်
ချပွဲကို
နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်
အစိုးရရဲ့ ဂုဏ်ပြုချီးမြှင့် ခံကြရတဲ့ ကျောင်း ဒါယကာ၊ ဒါယိကာမ
များဖြစ်တဲ့ “သရေစည်သူ” ဘွဲ့ရ ဒုတိယ ဗိုလ်ချုပ်ကြီးညွန့်သိန်း
(ကာကွယ်ရေးဦးစီးချုပ် (ရေ) ငြိမ်း)၊ “သီရိပျံချီ” ဘွဲ့ရ ဦးကိုလေး (ဝန်ကြီး-
ငြိမ်း)၊ “သီဟသုဓမ္မ မဏိဇောတဓရ” ဘွဲ့ရခန့်စည်သူ၊ “သု ဓမ္မသိင်္ဂီ”ဘွဲ့ရ
ဒေါ်ခင်သီတာ (နှင်း သစ္စာကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ)တို့ကို လည်း
ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ဂုဏ်ပြုပွဲကိုပါ ကျင်းပခဲ့ပြီး ခန့်စည်သူ က
အသစ် ဆောက်လုပ်ဆဲဖြစ်တဲ့ “ဝိပဿနာ ဂုဏ်ရည် (၄) ထပ်ကျောင်းဆောင်” အတွက်
ငွေကျပ်သိန်း ၁ဝဝ ကို လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှုနဲ့ပတ်သက်ပြီး
ခန့်စည်သူက..
“ဒီကျောင်းမှာက အခု ၄ ယောက်က ကျောင်းအကျိုးတော်ဆောင် အဖွဲ့ထဲမှာ ပါတယ်။ ထူးထူးခြားခြား တစ်နှစ်တည်းမှာပဲ ဒီ ၄ ယောက်က နယ်ပယ် အသီးသီး မှာ ဘွဲ့ တွေ ရတယ်။ အဲဒါကို ဆရာတော်က ပြန်ပြီး ဂုဏ်ပြုပွဲ လုပ်ပေးတာပါ။ အဲဒီနေ့မှာပဲ ယောဂီ ဆောင်ဆောက်ထားတာ ရေစက်ချ လှူတယ်။ နောက်ထပ်ဆောက်မယ့် ကျောင်းဆောင် အတွက် ငွေကျပ်သိန်း ၁ဝဝ လှူခဲ့တယ်။ နောက်ထပ် ဒီလိုမျိုး ပရဟိတအလှူ၊ ဘာသာ ရေး အလှူတွေ အတွက် တွန်းအားပေးလိုက် တယ်လို့ ခံယူပါတယ်။ ရှေ့ဆက် လုပ်ဖို့ အားတွေဖြစ်တယ်။ ဒီကျောင်းမှာက အမြဲ အလှူလုပ်တယ်။ အခုထပ်လှူတာက မိသားစု အလှူလေးပါအောင်လှူဖြစ်တာပါ” လို့ ပြောပြ ပါတယ်။
လစဉ်လှူဒါန်းနေကျဖြစ်တဲ့ မေတ္တာ သင်္ဂဟအဖွဲ့ရဲ့ လှူဒါန်းမှုကိုလည်း နိုဝင်ဘာ လထဲမှတော့ နယ်ကဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ လှူဒါန်းဖို့အတွက် စီစဉ် နေတယ်လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်

popular journal

0 comments:
Post a Comment