<div style='background-color: none transparent;'></div>

Home » » လင်းလင်းရေးတဲ့ သီချင်းတစ်ပုဒ်ကြောင့် ငိုခဲ့ရသူ ချစ်သုဝေ

လင်းလင်းရေးတဲ့ သီချင်းတစ်ပုဒ်ကြောင့် ငိုခဲ့ရသူ ချစ်သုဝေ

ချစ်သုဝေက လူကုန်ကူးမှုဆိုင်ရာ ပညာပေးရေး အတွက်ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကြီးမှာ ပါဝင် ဖျော် ဖြေ မှာဖြစ်ပြီး ဒီပွဲမှာဂရမ်မီနှစ်ဆုရ နာမည်ကျော် အဆိုတော် ဂျေဆင်မရတ်လည်း ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါ တယ်။ ဒီပွဲနဲ့ပတ်သက်ပြီးချစ်သုဝေက..
"MTV EXIT က ထရီဇာကို သီချင်းဆိုပေးဖို့ ကမ်းလှမ်းတယ်။ ဂျေဆင် မရတ်လည်း လာ မယ်။ နိုင်ငံတကာ အဆိုတော်လာမှာကို ထရီဇာတို့နဲ့ပူးပေါင်းပြီး ဖျော်ဖြေဖို့ဆိုတာ အိပ်မက်တစ်ခုပဲလေ။ ဝမ်းမြောက် ဝမ်းသာနဲ့လက်ခံဖြစ်ခဲ့တာပေါ့။ ဂျေ ဆင်မရတ်ကိုလည်း ကိုယ်တိုင် ကြည့်ချင်တယ်။ ကိုယ်တိုင်ဖျော် ဖြေတဲ့အခါမှာလည်း အရာရာ ဂရုစိုက်ပြီးတော့ အကောင်းဆုံး ဖြစ်အောင် ဖျော်ဖြေမယ်လို့ စိတ်ကူးထားတယ်။ ထရီဇာက သီချင်း နှစ်ပုဒ် ဆိုမယ်။ ဒီပွဲ ကျင်းပတဲ့ အဓိကရည်ရွယ်ချက် က ပြည်သူတွေ အသိပညာရသွား စေဖို့၊
လူကုန်ကူး မှုတိုက်ဖျက်ရေး ကိုMTV EXIT (လုပ်အား ခေါင်း ပုံဖြတ်မှုနှင့် လူကုန်ကူးမှု အဆုံး သတ်ရေးအဖွဲ့)နဲ့တကွ မြန်မာ ပြည်က ပြည်သူတွေ အားလုံးက စိတ်ဝင်စားကြပါတယ်။ အနု ပညာရှင်တွေကလည်း စိတ် ဝင်စားကြပါတယ်။ ဒီတိုက် ဖျက်ရေးကို ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြပါ တယ်ဆိုတာကို သိအောင် လုပ်တာဆိုတော့ လူကုန် ကူးတာနဲ့ ဆိုင်တဲ့ မက် ဆေ့ခ်ျကို ရသွားစေချင် တာ။ဖြစ် ထရီဇာသီချင်း နှစ်ပုဒ်ဆို တဲ့အခါ၊ တစ် ပုဒ်က ကိုလင်းနဲ့ စုံတွဲ သီချင်းဆိုမယ်။ တစ်ပုဒ်က 'သူငယ်ချင်းများ'ဆိုတဲ့သီချင်းဟောင်းလေး ကို တစ်ယောက်တည်းဆိုမယ်။ ကိုလင်းနဲ့ ဆိုမယ့် 'မီးအိမ်ကဗျာ' သီချင်းလေးက သီချင်းအသစ်လေးပါ"လို့ ပြောပါတယ်။

ချစ်သုဝေက သီချင်းတွေဆိုခဲ့တဲ့ ကာ လတစ်လျှောက်မှာ အသံသွင်း အခန်းထဲမှာ ဆိုရင်း တစ်ခါမှ မငိုခဲ့ဖူးပေမယ့် 'မီးအိမ် ကဗျာ'သီချင်းကြောင့် အသံသွင်းအခန်း ထဲမှာ ငိုခဲ့ရကြောင်းကို ချစ်သုဝေက..

"သီချင်းလေးက တအားအဓိပ္ပာယ်ရှိ တယ်။ အဲဒီသီချင်းလေးဆိုတုန်းက အသံ သွင်းခန်းထဲမှာ ဆက်တောင်မဆိုနိုင်ဘဲ ထိုင် ငိုခဲ့ရတဲ့ သီချင်းလေး၊ ကိုယ့်ဘာသာ ကိုယ်တောင်အံ့သြတယ်။ အဲဒီသီချင်းကို အကြိမ်ကြိမ်အ ခါခါ လေ့ကျင့်ခဲ့တယ်။ကိုလင်းစစချင်းဆိုပြတုန်းက အကြောင်း အရာကို နားထောင်ပြီး မျက်ရည်ဝဲတယ်။ တကယ်ဆိုတဲ့ အချိန်မှာ ဘယ်လိုဖြစ်မှန်း မသိဘူး။ တအားဝမ်းနည်းပြီး ရှိုက်ကြီးတငင် ငိုလိုက်တယ်။ ထိုင်ငိုပြီးတော့မှ စိတ်တည် ငြိမ်အောင်လုပ်ပြီးမု(ဒ်)နဲ့တကွ ပြန်ဆိုခဲ့ရတဲ့ သီချင်းလေးေ ပါ့။ ထရီဇာက တအားခံစား လွယ်တယ်။ ဒီသီချင်းလေးက သိပ်အေး တယ်။ သီချင်းအသစ်ဖြစ်တော့ ပရိသတ်နဲ့ တော့ တအားစိမ်းနေမယ်။ ဒါပေမဲ့ သီချင်း စာသားတွေ၊ သီချင်းရဲ့စိတ်ဝိညာဉ်လေးကို လာကြည့်တဲ့ ပရိသတ်တွေအားလုံးကူးစက်သွားမယ်ဆိုရင် ထရီဇာတို့ဆိုရကျိုးနပ် တာ ပေါ့။ ဒီသီချင်းလေးက လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေအတွက် သာမက လမ်း ပျောက်နေကြတဲ့ ခိုကိုးရာမဲ့ နေကြတဲ့သူ တွေအတွက် ကိုလင်းက သီချင်း ရေးထား တာပါ။ဒီပွဲနဲ့လိုက်ဖက်လို့ ဒီသီချင်း ကို ရွေးဆိုတာပါ"လို့ ပြောပါတယ်။

ချစ်သုဝေက ဒါရိုက်တာသီတာလင်း ရိုက်ကူးတဲ့ ဝိညာဉ်ဇာတ်ကားကို စိုင်းစိုင်း ခမ်းလှိုင်နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီ ဇာတ်ကားမှာ ချစ်သုဝေက ခေတ်ဆန်တဲ့ ပန်းချီဆရာမလေး၊ စိတ်နှလုံးဖြူစင်ပြီး တအားကူညီ တတ်တဲ့ကောင်မလေးအဖြစ်သရုပ်ဆောင်ထားပြီး ဝိညာဉ်လေး အကူ အညီတောင်းတာကို လုပ်ပေးရင်း ဝိညာဉ် လေးနဲ့ သံယောဇဉ်တွယ်သွားတဲ့ ဇာတ်လမ်း လေးပဲ ဖြစ်ပါတယ်။

ခိုင်ဝေလွင်

From :Popular Journal

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map