<div style='background-color: none transparent;'></div>

Home » » "ခြေထောက် အရိုးအက်သွားတဲ့ မိုးဟေကို"

"ခြေထောက် အရိုးအက်သွားတဲ့ မိုးဟေကို"

မိုးဟေကိုက နိုဝင်ဘာ ၁၆ရက်နေ့က ဂျွန်လွင် ဦးစီးကျင်းပတဲ့ MYANMAR INT’L FASHION ပွဲမှာ ပါဝင် ရှိုးလျှောက်ဖြစ်ခဲ့ပါတယ်။ ရှိုးမလျှောက်ခင် ဘယ်ဘက် ခြေညှိုးမှာ ပတ်တီးစည်း ထားတာတွေ့ရပါတယ်။ ခြေထောက်ဒဏ်ရာ ဘယ်လိုရခဲ
့တာ လဲလို့မေးတော့ မိုးဟေကိုက “တူလေးနဲ့ အဆော့လွန်ပြီး၊ အရိုးအက်တာပါ။ ရိုက်ကွင်းတော့ မဖျက်ရပါဘူး။ မနက်ပိုင်းမှာ ရိုက်ကွင်းမသွားရဘူး ဆိုတော့ အိမ်မှာဆော့ ရင်းနဲ့ အဲဒီလိုဖြစ် သွားတာ။ ရှုတင်သွားတော့ ခြေထောက်က ပတ်တီးနဲ့ဆိုတော့ ဘယ်လို ဖြစ်တာလဲ မင်းသမီးဆိုပြီး အားလုံးက ဝိုင်းစကြတယ်။ ရှုတင်လေး မနက်ပိုင်းပေးနား လိုက်တာပါ တအားဆော့လွန်းတာပဲလို့ ပြောကြတယ်” လို့ ရှုတင် အဖွဲ့ သားတွေရဲ့ အစခံခဲ့ ရကြောင်း ပြောပါတယ်။

ခြေထောက် ဒဏ်ရာကို တရုတ်ဆေးစည်း ထားပြီး တစ်ရက်ပဲ အနားယူပြီး နောက်နေ့တော့ နည်းနည်း သက်လာကြောင်း ပြောပါတယ်။ ရှိုးပွဲမှာ မိုးဟေကို က ခြေထောက် ဒဏ်ရာကြောင့် ဒေါက်ဖိနပ် မစီးနိုင်ဘဲ ဖိနပ်အပါး ပဲစီးပြီး ရှိုးလျှောက်ခဲ့ရပါတယ်။ ကြော်ငြာတွေကို ပုံမှန်အတိုင်း ရိုက် ကူးဖြစ်နေ ပြီး နိုဝင်ဘာ ၂ဝ ရက်နေ့ မှာတော့ ပြေတီဦး၊ ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင်တို့နဲ့ ဝါရွှေစင်ပိုးထည်ကြော်ငြာရိုက်ကူးမှာဖြစ် ကြောင်း ပြောပါ တယ်။

လတ်တလောမှာ မိုးဟေကိုက အောင်ရဲလင်း နဲ့ ဒီဗီဒီဇာတ်ကား ရိုက်ကူးနေ တာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ အောင်ရဲလင်းကို ကိုယ့်မောင်လေးနဲ့ တအားတူတဲ့ အတွက် သူဆိုးနေ တာတွေကို လိမ္မာအောင် ပဲ့ပြင်ပေးသူ အဖြစ် သရုပ်ဆောင်ထားပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map