<div style='background-color: none transparent;'></div>

Home » » ကျိုက်ထီးရိုးတောင်ပေါ်က ထူးခြားတဲ့ အသိပေးချက်

ကျိုက်ထီးရိုးတောင်ပေါ်က ထူးခြားတဲ့ အသိပေးချက်

 ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ
လင်းသန့် ~

လောကမှာ လူ ၃ မျိုး ရှိတယ်လို့ ဆိုကြတယ်။ တချို့က အတိတ်ကာလမှာ နေကြတယ်။ တချို့က အနာဂါတ် ကာလမှာ နေကြတယ်။ တချို့က ပစ္စုပ္ပန်ကာလမှာ နေကြတယ်။ 

ဒါပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်က ဘဏ္ဍာထိမ်း ဂေါပက အဖွဲတွေကတော့ အထက်ပါ သတိပေး ဆိုင်းဘုတ်ကို ကြည့်ခြင်းအားဖြင့် အတိတ်မှာနေကြသူတွေလို့ ပြောရမယ်ထင်တယ်။ 

မြန်မာနိုင်ငံဟာ ပွင့်လင်းစပြုလာပြီး လွတ်လပ်တဲ့ အခင်းအကျင်းတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပြီလို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြောဆိုနေကြချိန်မှာ ဒီဆိုင်းဘုတ်ကြောင့် အများကြီး အတွေး များ နယ်ချဲ့သွားစေမှာပါ။ 


ဘယ်လိုအကြောင်းကြောင့် အခုလို ရေးသားသတိပေးတယ်ဆိုတာ မသိရပေမယ့် စိတ်မကောင်းစရာ သတိပေးချက်ဖြစ်နေလို့ပါဘဲ။ 

ပြုပြင်ပြောင်းလဲရေး သမားကြီး သမ္မတ ဦးသိန်းစိန်ကတော့ အမေရိကန် သမ္မတ အိုဘားမားနဲ့ ပူပူနွေးနွေး 
တွေ့ဆုံခဲ့ တုန်းက သူ့စကားအတိုင်း၊ Move Forward နောက်ပြန်မလှည့်ပဲ ရှေ့ဆက်သွားမှာဖြစ်တယ် လို့ ပြောခဲ့တယ်။ 

အာဆီယံ အစည်းအဝေးမှာလည်း သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ မြန်မာ့ ပြုပြင် 
ပြောင်းလဲရေး ကို နောက်ပြန်လှည့်သွားလေမလားလို့ သံသယဖြစ်နေသူတွေကို ထပ်လောင်းပြီး နောက်
ပြန်လှည့်မှာ မဟုတ်ပဲ ရှေ့ဆက်သွားမယ်ဆိုတာ ကတိပေးခဲ့တယ်။ 

စစ်အစိုးရများ လက်ထက်တုန်းကသာ အလားတူ ဆိုင်းဘုတ်မျိုးတွေ နေရာ တကာမှာ တွေ့နိုင်ပေမယ့် အခုလို အချိန်မျိုးမှာ တွေ့ရတာကတော့ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့အတွက် ပြန်လည်မျှဝေပေးတာပါ။ 
http://blog.irrawaddy.org/2012/11/blog-post_3976.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map