<div style='background-color: none transparent;'></div>

Home » » စင်ကာပူ ပရိသတ်တွေက ပန်းကြာဝတ်မှုန် ဇာတ်ကားနဲ့ အကယ်ဒမီဆုရဖို့ ဆုတောင်းပေးခြင်း ခံရတဲ့ သက်မွန်မြင့်

စင်ကာပူ ပရိသတ်တွေက ပန်းကြာဝတ်မှုန် ဇာတ်ကားနဲ့ အကယ်ဒမီဆုရဖို့ ဆုတောင်းပေးခြင်း ခံရတဲ့ သက်မွန်မြင့်

စင်ကာပူနိုင်ငံ Cathay ရုပ်ရှင်ရုံမှာ ပန်းကြာဝတ်မှုန် ဇာတ်ကားနဲ့၊ ကယန်း အလှ ရုပ်ရှင် ဇာတ်ကားတို့ကို သွားရောက်ပြသခဲ့ပါ တယ်။ နိုဝင်ဘာ ၁၆ရက်နေ့က
ဒါရိုက်တာ စင်ရော်မောင်မောင်၊ ဒါရိုက်တာ အောင်ကိုလတ်၊ စည်သူမောင်၊ ခင်လေးနွယ်၊ သီရိရှင်းသန့်၊ ကယန်းအလှမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ အတူ သွားရောက်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလ ၁၈ရက်နေ့မှာ မနက်၊ နေ့လယ်၊ ညနေ (၃)ပွဲ ပြသခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ရက်နေ့က ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။

“ပန်းကြာဝတ်မှုန်” ဇာတ်ကားပြမယ်၊ လာခဲ့ဖို့ဖိတ်တာနဲ့ သွားဖြစ်တာပါ။ အရင် နှစ်က “အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်” ဇာတ်ကား သွားပြတုန်းကလည်း လိုက်သွားရင်း ပရိသတ်တွေနဲ့တွေ့ဆုံ ရတယ် ဆိုတော့သွား ဖြစ်တာ။ ဒီတစ်ခါက အင်တာနေရှင်နယ် ကားတွေပြတဲ့ Cathay ရုပ်ရှင်ရုံမှာ ပြရတာ။ ဂုဏ်ယူစရာကောင်းတာပေါ့။ ပရိသတ်တွေလည်း တော်တော် အားပေးကြတယ်။ တချို့ဆို ကြည့်ချင်တာ လက်မှတ်ဝယ်လို့ မရတာတွေ ရှိတယ်။

” အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်” ဇာတ်ကားတုန်းက ဖန်စီအချစ်ကား၊ ဒီကားမှာ ကျတော့ လူကြီး တစ်ယောက်ပုံစံ ခပ်ငြိမ်ငြိမ်လေးနဲ့ ဆိုတော့ ကြိုက်ကြတယ်။ အန်တီကြီး တစ်ယောက်ဆို သူတို့တုန်းက မန္တလေး တက္ကသိုလ် မှာ ဒီလိုပဲတက်ခဲ့ရတာ။ ငယ်ဘဝ တက္ကသိုလ်ကို ပြန် သတိရမြင်ယောင် မိတယ်လို့ ပြောပြတယ်” လို့ ပြောပါ တယ်။

မနှစ်က “အာဒံရယ်၊ ဧဝရယ်၊ဒသရယ်” ဇာတ်ကားကိုသွားရောက် ပြသ ခဲ့စဉ်က အကယ်ဒမီဆုရပါစေလို့ ပရိသတ်တွေက ဆုတောင်းပေး ခဲ့ကြသလို အကယ်ဒမီဆုရခဲ့ပြီး ဒီနှစ် “ပန်းကြာဝတ်မှုန်” ဇာတ်ကား သွားပြသတော့ လည်း အကယ် ဒမီဆုရဖို့ ဆုတောင်း ပေးကြကြောင်းပြောပြတဲ့ သက်မွန်မြင့်က.. “အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်” ကားတုန်းက ပရိသတ်တွေက သဘောကျ ကြိုက်ကြ တယ်။ အကယ်ဒမီ ရပါစေလို့ ဆုတောင်းပေးတယ်။ မနှစ်က ပရိသတ်တွေ ရစေချင်သလို ရခဲ့တယ် ဆိုတော့ ကြည်နူးရပြီး ဒီနှစ်လည်း အဲဒီလို ဖြစ်ချင်တယ်။ ဒီမှာက “ပန်းကြာဝတ်မှုန်” ကနယ်မှာပဲ ရုံတင်ရသေးတာ။ ရန်ကုန်မှာ မတင်သေးတော့ ပရိသတ်တွေဆီက အသံ သိပ်မကြားသေးဘူး။ သူတို့ကတော့ သက်မွန် ကိုချစ်တဲ့ စိတ်နဲ့ ဆုရစေချင်တာပေါ့။

အဲဒီမှာ “ကယန်းအလှ” ဇာတ်ကားပြတော့ ပဒေါင် လူမျိုးတွေပါ လာတော့ အမှတ်တရ ဓာတ်ပုံ ရိုက်လို့ရအောင် ယူလာတဲ့ ကြေးကွင်းတွေကို ခင်လေးနဲ့ ၂ယောက် လည်ပင်း မှာစွပ်ပြီး ရိုက်ကြတာ အမှတ်တရပါပဲ” လို့ ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map