<div style='background-color: none transparent;'></div>

Home » » ဒုတိယမြောက် အိုဘားမား ဂရပ်ဖတီပုံ လုံခြုံရေး ယူပေးထား

ဒုတိယမြောက် အိုဘားမား ဂရပ်ဖတီပုံ လုံခြုံရေး ယူပေးထား



သမ္မတ အိုဘားမားကို ကြိုဆိုသည့် ဂရပ်ဖတီကို ရန်ကုန်မြို့လူစည်ကားရာ ရွှေဂုံတိုင်တွင် ဒုတိအကြိမ် ရေးဆွဲထားသည် ကို နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းကတွေ့ရစဉ် (ဓာတ်ပုံများ- ဂျေပိုင် / ဧရာဝတီ) 
  
အခု မြင်တွေ့ရတဲ့ ပုံက ဒုတိယ မြောက် Hello Again အမည်နဲ့ ရန်ုကုန်မြို့ လူစည်ကားရာ ရွှေဂုံတိုင်က အိုဘားမားကို ကြိုဆိုတဲ့ ကရပ်ဖတီ ပုံဖြစ်ပါတယ်။ 

အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာပြည်သို့ ပထမဆုံး လာရောက်မည့် ခရီးစဉ်ကို ကြိုဆို တဲ့ အနေနဲ့ Night အဖွဲ့က ပထမ ရေးဆွဲခဲ့တဲ့ အိုဘားမား ဂရပ်ဖတီပုံ ကို တရက်တာအတွင်း ဖျက်ဆီး ခံခဲ့ရ တာပါ။

ပထမ ဂရပ်ဖတီ ပုံကို Night အဖွဲ့က အိုဘားမား တည်းခိုမည်ဆိုတဲ့ ရန်ကုန် တာမွေမြို့နယ်အတွင်းက ချက်ထရီယံ ဟိုတယ်အနီးရှိ အဆောက်အအုံဟောင်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၃ နာရီမှ ၅ နာရီအတွင်း ရေးဆွဲခဲ့တာဖြစ်ပြီး ယင်းနေ့ ည ၉ နာရီတွင် ယင်းပုံ အဖျက်ဆီး ခံလိုက်ရကြောင်း Night အဖွဲ့ဝင်တဦးဖြစ်သည့် ကိုအာကာကျော်က ဧရာဝတီကို ပြောခဲ့ပါတယ်။

“ကျနော်ကိုယ်တိုင် ဆွဲထားတာပါ။ အိုဘားမားကို ကြိုဆိုတဲ့အနေနဲ့ ဆွဲထားတာပါ။ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဆွဲထားတာကို အဖျက်ခံလိုက်ရတော့ စိတ်ထဲမှာ ခံစားရပါတယ်။ ကျနော်ဆွဲထားတဲ့ ပုံတပုံတည်း ဖြစ်တာ ကျန်တဲ့ ပုံတွေရှိတယ်ဗျ။ အခွင့်အရေးရှိသေးရင် ထပ်ဆွဲဦးမယ်” ဟု ကိုအာကာကျော်က ဆိုပါတယ်။

ပြောတဲ့အတိုင်းပဲ အခု ဒုတိယအကြိမ် အနေနဲ့ အိုဘားမားကို ကြိုဆိုတဲ့ ဂရပ်ဖတီကို ပြန်လည်ဆွဲပြီးချိန် မှာတော့ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း ရဲဝန်ထမ်းနဲ့ စည်ပင်ဝန်ထမ်းတို့က ဖျက်ဆီးမှာစိုးလို့ လာပြီး လုံခြုံရေး ယူပေးထားပါတယ်။

ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ.
 http://blog.irrawaddy.org/2012/11/blog-post_9395.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map