<div style='background-color: none transparent;'></div>

Home » » ဗြိတိန်နိုင်ငံသားတစ်ဦး ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်းဝင်ရောက်ခဲ့

ဗြိတိန်နိုင်ငံသားတစ်ဦး ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်းဝင်ရောက်ခဲ့


နေပြည်တော် ဥတ္တရသီရီမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အောက်တိုဘာလ နောက်ဆုံး အပတ်က ဗြိတိန်နိုင်ငံသားတစ်ဦး လာရောက်အိပ်စက်သွားခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်တွင် လာရောက်အိပ်စက်သွားတဲ့သူကတော့ ဗြိတိန်နိုင်ငံသား Mr.Robert San Pe ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံကို အောက်တိုဘာလ တတိယပတ်အကုန်မှာ ရောက်ရှိလာတာလို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လို့ သိရပြီး  နောက်တစ်နေ့ညနေပိုင်းမှာ နေအိမ်ကနေ ပြန်သွားတယ်လို့ အနီးပတ်ဝန်းကျင် မြင်တွေ့ သူများ က ပြောပြပါတယ်။ အဲဒီရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်ထဲမှာပဲ ရှိနေတယ်လို့လည်း သိရပါ တယ်။ ၂၀၀၉ ခုနှစ် မေလတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ အင်းလျားကန်စောင်းရှိ အိမ်ထဲကို အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထောဆိုသူသည် အင်းလျားကန်ထဲကနေ ရေငုပ်ပြီး လာရောက်ခဲ့တယ်လို့ သိရပါတယ်။ ယက်ထောဟာ မေလ ၃ ရက်မှ ၅ ရက်နေ့ထိ ၂ ညနဲ့ ၃ ရက် နေထိုင် ခဲ့ပါတယ်။ အဲဒီတုန်းကလဲ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖောက်ဖျက်မှုပုဒ်မ(၂၂)နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၃)နှစ် အပြစ်ပေးခဲ့ပါသေး တယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လူသိရှင်ကြား ဘယ်တော့မှ ထုတ်ဖော်
ပြောပြလေ့ မရှိခဲ့ပါဘူး။ မေးမြန်းတာတို့လည်း မကြိုက်ပါဘူး။ ယခုနေပြည်တော် မိမိမှာ ဧည့်သည်ဗြိတိန် သားကိစ္စကိုလည်း ပြည်တွင်းမီဒီယာများက လွန်စွာစိတ်ဝင်စားနေကြပေမယ့်လည်း ဦးဆောင် ပြီး မေးမြန်း မယ့်သူကိုစောင့်ဆိုင်းနေကြပါတယ်။ ယခင် ၀ီလျံယက်ထော ကိစ္စတုန်းကလည်း   ပြန်လည်ရှင်းပြခြင်း မရှိ သလို ယခု ဗြိတိန်နိုင်ငံသား ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှ မေးမြန်းခြင်းလုံးဝလက်မခံကြောင်း သိရပါတယ်။

Facebook မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ 
 amayeainn
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map