<div style='background-color: none transparent;'></div>

Home » » ချစ်သုဝေကို ဒီလိုမေးကြတယ်

ချစ်သုဝေကို ဒီလိုမေးကြတယ်

အနုပညာရှင် အချင်းချင်း သူတို့ရဲ့ ရင်ထဲက သိချင်တဲ့ မေးခွန်းတွေကို ထုတ်ဖော်ပြီးမေးတဲ့ On Scene question ကဏ္ဍကနေ 8 days ရဲ့ ပရိသတ်တွေ အတွက် "ချစ်သုဝေ" ကို အနုပညာရှင်တွေ မေးထားတာတွေကို ဖော်ပြလိုက်ပါတယ်။
အိတုံ
Q. ချစ်သုဝေက စကားပြောရင် အရမ်းချစ်ဖို့ကောင်းတာ ဘာကြောင့်လဲ။
ချစ်သုဝေ
A. အဲဒါက အိတုံ . .. ကျုပ်ကို ကျိတ်ချစ်နေလို့ဖြစ်မယ်။
ဒါရိုက်တာဗန်းကြီး
Q. လူငယ်တစ်ယောက်ဖြစ်ပေမယ့် အချိန်ကို အရမ်းလေးစားတဲ့ ချစ်သုဝေရဲ့ ခံယူချက်က ဘာများလဲ။
ချစ်သုဝေ
A. အချိန်ကို လေးစားခြင်းက ကိုယ့်ကိုယ်ကိုယ်လေးစားရာ ရောက်သလိုကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးအပေါ်မှာလည်း လေးစားရာ ရောက်ပါတယ်။ အဲဒီအတွက် ဘာအလုပ်ပဲလုပ်လုပ် အချိန်ကို in time ဖြစ်အောင် အမြဲ ကြိုးစားတယ်။ ရှုတင်ရှိတဲ့နေ့တွေမှာ တစ်ခါတလေ ပင်ပန်းပြီးမထချင် တာတွေရှိတယ်။ ဒါပေမဲ့ ကိုယ့်ကြောင့် သူများအလုပ်တွေနှောင့်နှေးမှု မဖြစ်အောင် ဂရုစိုက်တယ်။ အဓိက က ကိုယ့်ကိုယ်ကိုယ် လေးစားတယ်။ အလုပ်ကို လေးစားတယ်။ သူများကိုလေးစားတယ်။ အဲ့ဒီလိုပါ ပဲ။

မြင့်မြတ်
Q. ဒီလောကကြီးမှာ ကောင်းတဲ့သူတွေရှိသလို ကိုယ့်ထမင်းကိုယ် စားပြီးမကောင်းတဲ့သူတွေလည်းရှိတယ်။ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ဘယ်သူတွေက ပိုများတယ်လို့ထင်လဲ။
ချစ်သုဝေ
A. လောကကြီးရဲ့ နေရာတိုင်းမှာ အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲပြီးရှိနေတယ်။ အဲဒီအတွက် ထရီဇာကတော့ ကောင်းတဲ့သူတွေ များတာ၊ မများတာ သုံးသပ်မနေ တော့ဘူး။ ထရီဇာကြုံရတဲ့ ပတ်ဝန်းကျင်မှာတော့ ကောင်းတဲ့သူတွေ ချည်းပဲတွေ့ခဲ့ရတယ်။ ဒါပေမဲ့ မကောင်းတဲ့သူတွေကိုလည်း ကောင်းတဲ့ဘက်ကို ဦးတည်ပြောင်း လဲလာစေချင်ပါတယ်။ လူတိုင်းကတော့ Perfect ဘယ်ဖြစ်နိုင်ပါ့မလဲ နော်။
ကိုဘင်း
Q. အဆိုတော်၊ မင်းသမီး တစ်ယောက်အနေနဲ့ အရံတွေအပေါ်မှာ ဘယ်လိုသဘောထားလဲ၊ မင်းသား မင်းသမီးတွေရဲ့ အရံလူ တွေရဲ့ ကွာခြားမှု အလွှာကဘာလဲ။
ချစ်သုဝေ
A. လူတွေအားလုံးက သူ့နေရာနဲ့သူ တန်ဖိုးအမြင့်ဆုံးတွေ မှာရှိကြတဲ့အတွက် လူလူချင်းလေး စားပါတယ်။ အရံတွေကိုလည်း အရံပဲလို့ မမြင်ပါဘူး။ သူတို့တွေက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အတွက် ခင်ခင်မင်မင်နေပါတယ်။ သူတို့ဆီက ရလိုက်တဲ့ပညာတွေ လည်း အများကြီးရှိပါတယ်။ ပြီးတော့ အရံတွေက ထရီဇာတို့ အပေါ်မှာ Support လုပ်နိုင်တာ တွေလည်းအများကြီးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်နေတဲ့အတွက် ထရီဇာ လုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာအမြဲ Respect ရှိပါ တယ်။
တယော
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map