<div style='background-color: none transparent;'></div>

Home » » အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ

အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ


အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာနိုင်ငံ အစိုးရက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ  ကြေညာပါတယ်။ 

အကျဉ်းထောင်တွေထဲက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ နိုင်ငံခြားသား အကျဉ်းသားတွေ စုစုပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာ ကြေညာခဲ့ပါတယ်။ 



အခုလို အကျဉ်းသားပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာမှာ လူအများမျှော်လင့်သလို သမ္မတ အိုဘားမားလည်း မျှော်လင့်နေမယ့် နိုင်ငံရေးအကျဉ်းသားဆိုသူ၊ သို့မဟုတ် ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံရသူများ ဆိုတာ အရေအတွက် ဘယ်လောက်ပါလာမလဲ ဆိုတာ သဲသဲ ကွဲကွဲ မရှိပါဘူး။ 

 နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ၀န်း ကျင် ကျန်ရှိနေကြပါတယ်။ 

ဒီအထဲမှာ ကိုလက်ျာထွန်းတို့လို၊ ဦးမြင့်အေးတို့လို သူတွေပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ 


အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု ဘယ်လို ရှိတယ်ဆိုတာ ကို စောင့်ကြည့်  သွားကြရမှာဖြစ်ပါတယ်။ 


ref:ဧရာဝတီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map