<div style='background-color: none transparent;'></div>

Home » » လေထဲပျံဝဲရတဲ့ ကြော်ငြာသရုပ်ဆောင်ချက်နဲ့ နန်းခင်ဇေယျာရဲ့ ပွဲဦးထွက်အတွေ့အကြုံ

လေထဲပျံဝဲရတဲ့ ကြော်ငြာသရုပ်ဆောင်ချက်နဲ့ နန်းခင်ဇေယျာရဲ့ ပွဲဦးထွက်အတွေ့အကြုံ

နန်းခင်ဇေယျာက လွယ်ဟိန်းကုမ္ပဏီရဲ့ Brand Ambassador အဖြစ် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် လွယ်ဟိန်း ကုမ္ပဏီရဲ့ Blue Mountain   ရေသန့်ကြော်ငြာ ရိုက်ကူး မှုကို အောက်တိုဘာ ၃၁ရက်နေ့က ဒါရိုက်တာ စင်ရော်မောင် မောင်နဲ့ ရိုက်ကူးခဲ့ပါတယ်။ နန်းခင် ဇေယျာရဲ့ ပထမဆုံးအနုပညာ လှုပ်ရှားမှုဖြစ်ပြီး ကြော်ငြာ စရိုက်တဲ့   နေ့မှာပဲ တအား စိတ်လှုပ်ရှားခဲ့ရကြောင်း ပြောပါတယ်။
ပထမဆုံးကြော်ငြာရိုက်ကူးမှုအတွေ့အကြုံ
ကြော်ငြာရိုက်ကူးရတာ တအားစိတ်လှုပ် ရှားပါတယ်။ ဒီဟာကို ရိုက်ဖို့အတွက် ဂျပန်မှာ ဆုမရခင်ကတည်းက ကမ်းလှမ်းလာတယ်။ ပွဲမတိုင်ခင် ၆ရက်လောက် အလိုက တည်းက ဦးစင်ရော်မောင်မောင်က ဖုန်းဆက်ပြီး ပြောထားတယ်။ အဲဒါကြောင့် ဒါက ပထမဆုံးရိုက်ဖြစ်တာပါ။ အခု ရိုက်ရ တာတော့ အတွေ့အကြုံ အသစ်တွေရတယ်။ ဦးစင် ရော်မောင်မောင်ကလည်း အများကြီးသင်ပေးပါ တယ်။ ပထမဆုံး ကြော်ငြာရိုက်ကူးတာဆိုတော့ လိုအပ်ချက်တွေလည်း အများကြီးရှိတယ်။ အကောင်းဆုံးဖြစ်   အောင် တော့ လုပ်တယ်။ ရိုက်တဲ့ အချိန်မှာ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားတယ်။ ကိုယ့်ကို ကရိန်း တွေနဲ့မတင်ပြီး လေထဲမှာပင့်ထားတော့ ကြောက် ရမှာလေ။ ဒါပေမဲ့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးပဲ ထား ထားတယ်။ လွယ်ဟိန်းကုမ္ပဏီနဲ့ စာချုပ်ချုပ်တာက တစ်နှစ်အတွင်း ကြော်ငြာ၃ခုရိုက်ရမယ်။ သူတို့ရဲ့လှုပ်ရှား မှုပွဲတွေ တက်ပေးရမယ်။ ဆုရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်တဲ့ကြော်ငြာပါ။

အဓိကစိတ်ဝင်စားတာက ပရဟိတအလုပ်တွေပါ
ရုပ်ရှင်ဘက်ကိုတော့ မလုပ်သေးပါဘူး။ အဓိက စိတ်ဝင်စားတာက ပရဟိတ အလုပ်တွေပါ။ ရိုက်ဖို့ကမ်းလှမ်းလာရင်တော့ခဏနားထားဦးမယ်။ပြောင်းလဲမှုတွေအများကြီးပဲ။ ကိုယ်ဒီလိုဆုတွေရပြီးပြန်လာရမယ်လို့မမျှော်လင့် ထားဘူး။ကိုယ်လုပ်နေတဲ့ဂိုက်အလုပ်ကိုဆက်လုပ်သွားမှာပါ။
ကြော်ငြာအနုပညာကြေးတွေနဲ့ အလှူတွေလုပ်
Internet မှာ Vote လုပ်တဲ့သူတွေကို ကျေးဇူးတုံ့ပြန် တဲ့အနေနဲ့ အောက်တိုဘာလ ၃ဝ ရက်နေ့မှာ လှည်းကူးမြို့ နယ်က မေတ္တာပရဟိတဂေဟာ၊ အနာကြီးရောဂါသည် များ ပြန်လည်ထူထောင်ရေး ဂေဟာမှာ ကိုယ်တိုင်သွားပြီးအလှူ ငွေတွေလှူတယ်။ အခုလွယ်ဟိန်းနဲ့ စာချုပ်ချုပ်တဲ့ပိုက်ဆံကိုလည်း မြန်မာ့ခရီးသွား လာရေးလုပ်ငန်း မှာလည်း လှူထား တယ်။ ကြော်ငြာတွေက ရတာတွေကိုလည်း ပရဟိတ လုပ်ငန်းတွေမှာ လှူသွားမှာပါ။ ဒီဆုကို ပရိသတ်တွေက ပေးခဲ့တာလေ။ ပရိသတ်တွေက   ကြော်ငြာမရိုက်ပါနဲ့လို့ ပြောကြတယ်။ ဒါပေမဲ့ ပရဟိတ အလုပ်တွေ လုပ်ချင်တာ ကြောင့် ကြော်ငြာ၊ ပြက္ခဒိန်ရိုက်ရာ ကနေရတာတွေကို လှူတာပါ။ နောက်ထပ်  ဒုတိယ တစ်ခုက တိုင်းရင်းသား တက္ကသိုလ်မှာ အားပေးစကား သွားပြောဖို့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။
Brand  Ambassador အဖြစ်ထပ်မံစာချုပ်ချုပ်
ဆက်လက်ပြီး နန်းခင်ဇေယျာက အောက်တိုဘာ ၃၁ ရက်နေ့၊ Alpine ကြော်ငြာရိုက်ကူးပြီးစီးတဲ့အခါမှာ တော့ ည ၉နာရီအချိန် Trader ဟိုတယ်ရှိ ဧရာဝတီခန်းမ မှာ Daw Win Garmant Center (I MAX.Gioren- zo, U’JAZZ) မှ တာဝန်ရှိသူများနဲ့ Brand Ambassador အဖြစ် တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နန်းခင်   ဇေယျာကို စာချုပ်ချုပ်ဆိုရခြင်းနဲ့ ပတ်သက်ပြီး Daw Win Garmant Center ရဲ့ CEO ဒေါ်ဝင်းနန္ဒာသိုက်က ကုမ္ပဏီကြော် ငြာလုပ်ငန်းများမှာ သာမက လူမှုအကျိုးပြု ပရဟိတလုပ်ငန်း များမှာပါ နန်းခင်ဇေယျာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ် ကြောင်း ပြောပါတယ်။ စာချုပ်ချုပ်ဆိုမှုနဲ့ပတ်သက်ပြီး နန်းခင်ဇေယျာကလည်း “ညီမအနေနဲ့ ဘယ်လိုသဘောတူ ထားလဲဆိုတော့ ညီမရဲ့ပရဟိလုပ်ငန်းတွေမှာလည်း ဒီက အစ်မတွေက ကူညီပေးမယ်ပေါ့။ အဲဒီလိုလှုပ်ရှားမှုတွေကို သဘောကျတဲ့အတွက် ဒီBrand ကိုရွေးချယ်ဖြစ်တာပါ။ နောက်ထပ်လည်း ကမ်းလှမ်းထားတာတွေ ရှိပါသေးတယ်။ လောလောဆယ်တော့ အတိအကျပြောလို့ မရသေးပါဘူး” လို့ ပြောပါတယ်။
Tour Guide အနေနဲ့လည်း ဆက်လုပ်သွားမယ်
Guide အလုပ်ကို ဆက်လုပ်သွားမှာပါ။ ကျဉ်းကျပ် မှုတော့ မရှိပါဘူး။ ညီမက သာမန်မိန်းကလေး တစ်ယောက်ပါ။ ပရိသတ်တွေလာပြီး နှုတ်ဆက်ရင်လည်း ဖော်ဖော်   ရွေရွေ ပဲ ဆက်ဆံမှာပါ။ ကိုယ်အလုပ်လုပ်နေတဲ့ အချိန်မှာလည်း လုပ်မှာပါ။ အခု မြန်မာ့ခရီးသွားရာသီတွေ စတော့မယ် ဆိုတော့ ညီမကလမ်းပေါ်မှာပဲ ထဘီဝတ်ပြီး ပါးကွက်ကြားနဲ့ မြန်မာဘုရားတွေအကြောင်းတွေကို ဂုဏ်ယူစွာနဲ့ပဲ ပြည်ပ ဧည့်သည်တွေကို ရှင်းပြနေမှာပါ။  နန်းခင်ဇေယျာ အနေနဲ့ နိုဝင်ဘာ ၈ ရက်နေ့ကနေ ၂ဝ ရက်နေ့အထိ Tour Program တစ်ခုကို လက်ခံထားပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးမြို့တွေကို ဂျာမန် ခရီးသွားဧည့်သည်များ အတွက် ဧည့်လမ်းညွှန်အဖြစ် တာ ဝန်ယူပေး သွားဖို့ရှိကြောင်းကိုလည်းသိရပါတယ်။ ဆက် လက်ပြီး နိုဝင်ဘာ ၂၅ရက်နေ့မှာ လှည်းကူးမြို့နယ်ရှိ မေတ္တာ ပရဟိတဂေဟာကို နောက်တစ်ကြိမ် ထပ်မံ သွားရောက်လှူ ဒါန်းဖို့ လည်းရှိပြီး ကိုယ်တိုင်လိုက်ပါ လှူဒါန်းလိုတဲ့အလှူ ရှင်များအနေနဲ့ လည်း နန်းခင်ဇေ ယျာရဲ့ အီးမေးလ် လိပ်စာဖြစ်တဲ့ nang khin zayyar @gmail.com ကိုဆက်သွယ် အကြောင်းကြား နိုင်ကြောင်းလည်း သိရပါတယ်။
မေမွန်မောင်၊ရဲရဲ
popular news
Share this article :

2 comments:

Unknown said...

ကျားကြီး မောင်မောင် ကို သတိထား နော်။

Unknown said...

ကျားေ၇ာ စင်ေ
ာ်ေ၇ကြောက်၇တယ်ဗျ


Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map