<div style='background-color: none transparent;'></div>

Home » » မန္တလေးတိုင်း ငါန်းဇွန် မြို့နယ်ကရင်နင့်ဖွယ် သင်ခန်းစာတခု(လက်ကိုင်ဖုန်း ၁ လုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံး)

မန္တလေးတိုင်း ငါန်းဇွန် မြို့နယ်ကရင်နင့်ဖွယ် သင်ခန်းစာတခု(လက်ကိုင်ဖုန်း ၁ လုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံး)

အိမ်သာကျင်းထဲကို ဖုန်းဆင်းကောက်ရာမှ လူ ၃ ဦးသေဆုံးဆိုတဲ့ သတင်းကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော် ပြထားပါတယ်။ မန္တလေးတိုင်း ငါန်းဇွန် မြို့နယ် ကမ္မရွာက ဦးချစ်လိုင်ရဲ့နေအိမ် မှာဖြစ်ခဲ့တာပါတဲ့။ 

သားဖြစ်သူ မောင်ပေါက်ကျိုင်း ၂၅ နှစ် ဆိုသူက အိမ်သာတက်ရင် သီချင်းနားထောင်လေ့ရှိတယ်နဲ့ တူပါတယ်။ မောင်ပေါက်ကျိုင်းက လက်ကိုင် တယ်လီဖုန်းနဲ့ သီချင်းနားထောင်ရင်း အိမ်သာကျင်းထဲကို လက်ကိုင်တယ်လီဖုန်းက ပြုတ်ကျသွားခဲ့ပါတယ်တဲ့။ 

အဲဒီတော့ မောင်ပေါက်ကျိုင်းက ၁၅ ပေအနက်ရှိတဲ့ အိမ်သာကျင်း ကျင်းထဲကိုဆင်းပြီးရှာရမှာ ပြန်တက် မလာတော့တာ ကြောင့် သူငယ်ချင်းဖြစ်သူ ကုလား၂၅ နှစ်က ကယ်တင်ဖို့အတွက် အိမ်သာကျင်းထဲကို ဆင်းသွားခဲ့ပြန်ရော။ 


အဲဒီ ၂ ဦးလုံး အိမ်သာကျင်းထဲက ပြန်တက်မလာတော့ ဖခင် ဦးချစ်လှိုင်ကလည်း ဆင်းပြန်ပါရော။ ဒီ လူသုံးဦးလုံး ပြန်တက်မလာတော့ အနားက လူတဦးက အော်ဟစ် အကူအညီတောင်းလို့ လူတွေ   
ရောက်လာချိန်မှာတော့ အဆိုပါ လူသုံးဦးလုံး အသက်ဆုံး ရှုံးနေတာပဲ တွေ့ရပါတယ်တဲ့။ 

 ဒါဟာ အိမ်သာကျင်းထဲမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှုဖြစ်တယ်လို့ ကြေးမုံသတင်းစာမှာ   ဖော်ပြ ထားပါတယ်။ ဒီသတင်း ကိုဖတ်ရပြီး လက်ကိုင်ဖုန်း တလုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ရင်နင့် ဖွယ်ဖြစ်ရပ်တခုအဖြစ် ခံစားလိုက်ရ ပါတယ်။ 

 တကယ်တော့ အိမ်သာကျင်းတွေဟာ အောက်ဆီဂျင်ပြတ်လတ်တတ်တယ်ဆိုတာ မသိကြရာက အခုလို တယ်လီဖုန်း တလုံးအကြောင်းပြုပြီး အသက်တွေဆုံးရှုံးကြရတာပါ။ ဒီဖြစ်ရပ်ဟာ ရင်နင့်ဖွယ် သင်ခန်းစာ တခုလည်းဖြစ်ပါတယ်။ 
from ဧရာဝတီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map