<div style='background-color: none transparent;'></div>

Home » » ပေါက်ကြားလာတဲ့ အိုဘားမား သတင်း

ပေါက်ကြားလာတဲ့ အိုဘားမား သတင်း

ဖနွမ်းပင်မှာ အာဆီယံထိပ်သီးအစည်းအဝေးကို သတင်းယူဖို့ ရောက်နေတဲ့ အမေရိကန်သတင်းထောက်တွေဆီ ပေါက်ကြားလာတဲ့ သတင်းက 
 သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၉ရက်နေ့ ၉နာရီ၄၅မိနစ်မှာ မြန်မာနိုင်ငံလေဆိပ်ကို ရောက်မှာဖြစ်ပြီး ပြည်လမ်းပေါ်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အဆောက်အဦမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့မယ်။

ပြီးရင် ဒေါ်အောင်ဆန်းစုကြည် အိမ် သွားမယ်။


နောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို သွားပြီး ဖိတ်ကြားခံထားရတဲ့ လူထုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ မိန့်ခွန်းပြောမယ်လို့ အိုဘားမားခရီးစဉ် အစီအစဉ် အချိန်ဇယားအရ သိရတယ်။

အာဆီယံအစည်းအဝေး တက်မယ့် မြန်မာသမ္မတ ဦးသိန်းစိန် နိုဝင်ဘာ ၁၉ မှာ ရန်ကုန် ခဏ ပြန်ပြေးပြီး အမေရိကန် သမ္မတနဲ့ တွေ့မယ်လို့ သတင်းတွေထွက်နေပါတယ်။ 
http://blog.irrawaddy.org/2012/11/blog-post_3741.html

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map