<div style='background-color: none transparent;'></div>

Home » » ယနေ့ည သတင်းကြေညာအပြီး ပြန်ကြားရေး ၀န်ကြီး ဌာန အင်တာနက်စာမျက်နှာတွင်သမ္မတက နောက်ထပ် အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းခွင့် ပေး

ယနေ့ည သတင်းကြေညာအပြီး ပြန်ကြားရေး ၀န်ကြီး ဌာန အင်တာနက်စာမျက်နှာတွင်သမ္မတက နောက်ထပ် အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းခွင့် ပေး

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာနိုင်ငံ
 ရန်ကုန်မြို့သို့ မလာမီ တရက်အလို တွင် မြန်မာအစိုးရ မီဒီယာတွေ
က ယနေ့ နိုဝင်ဘာလ ၁၈ ည ၈ နာရီ သတင်းမှာ နိုဝင်လာလ ၁၆ ရက်နေ့ နေ့စွဲနဲ့ အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးလိုက်ကြောင်း ကြေညာ သွားပါတယ်။

 နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား မပါဝင်သည့်အတွက် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ 

အခု ထပ်မံ လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၆၆ ဦးအပါအ၀င် နိုဝင်ဘာလတွင်း အကျဉ်းသား ၅၀၀ ကျော်ကို လွှတ်ပေးခြင်းဖြစ်တယ်လို့ သတင်းစဉ်က ကြေညာသွားပါတယ်။ 


ယနေ့ည သတင်းကြေညာအပြီး ပြန်ကြားရေး ၀န်ကြီး ဌာန အင်တာနက်စာမျက်နှာတွင် အဆိုပါ အကျဉ်း သား လွှတ်ပေးမှု သတင်းကို အခုလို တင်ပြထားပါတယ်။ 

အခု နောက်ထပ် လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ ထင်ရှားတဲ့ နာမည်ကြီး အကျဉ်းသားများ ပါဝင်တယ်လို့ အစောပိုင်း သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး ယခုထိ မည်သို့မျှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

အဆိုပါ အကျဉ်းသားများ မနက်ဖြန် မနက်ပိုင်းမှာ လွတ်မြောက်လာဖွယ်ရှိကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။
(ဧရာဝတီ) 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map