<div style='background-color: none transparent;'></div>

Home » » ကမ္ဘာပေါ်တွင် ရှက်စရာကောင်းသော လုပ်ရပ်တစ်ခု မြိတ်မြို့တွင် ဖြစ်ပွားဟုဆို

ကမ္ဘာပေါ်တွင် ရှက်စရာကောင်းသော လုပ်ရပ်တစ်ခု မြိတ်မြို့တွင် ဖြစ်ပွားဟုဆို

တနင်္သာရီတိုင်း မြိတ်မြို့တွင် နိုဝင် ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲမှ ၈ နာရီအထိ ကျောက်မီးသွေး စက်ရုံ တည်ဆောက်ရန် ထောက်ခံသည့် ဆန္ဒ ဖော်ထုတ်ပွဲ တစ်ခု ပြုလုပ်သွားခြင်း သည် ကမ္ဘာပေါ်တွင် ရှက်စရာကောင်း သော လုပ်ရပ် တစ်ခုဖြစ်ကြောင်း မြိတ် မြို့နိုင်ငံရေးအဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိမိတို့ ကျေးရွာတွင် ရွာအုပ်ချုပ် ရေးမှူးများက တစ်အိမ် တစ်ယောက် မလာမနေရ စနစ်ဖြင့် လိုက်၍ခေါ် ဆောင်ကြောင်း၊ ကားများဖြင့် တစ်ပါး တည်းလိုက်ရန် စောင့်ခေါ်ကြောင်း၊ စက်ရုံသူဌေးကလည်း ၄င်းဆိုဒ် အတွင်းတွင် နေထိုင်သူ အလုပ်သမား များကို မလိုက်မနေရ ခေါ်ယူကြောင်း၊ မိမိတို့ အနေဖြင့် အနေအထားမှန်ကို သိသော် လည်း လိုက်သွားရကြောင်း ကျောက် ဖြာကျေးရွာမှ ဒေသခံတစ်ဦးကပြော သည်။

“ဒါက လုံးဝရာဇဝင် ရိုင်းသွားပြီး ကမ္ဘာမှာ ကျောက်မီးသွေးကိစ္စကို ဆန့် ကျင်နေတာ၊ အခု မြိတ်က ခရိုနီတွေကဒါကို ထောက်ခံတယ်ဆိုပြီး ဆန္ဒပြ တယ်ဆိုတော့ တော်တော်လည်း ရှက် စရာကောင်းပါတယ်” ဟု ၄င်းက ပြော သည်။


“ရွာမှာက အုပ်ချုပ်ရေးမှူးဆို ကြောက်ကြတော့ လိုက်ရတယ်။ တကယ်တမ်းဆိုရင် ကျွန်တော်တို့က ဒါ ကို လုံးဝမလိုလားဘူး၊ ဒီကျောက်မီး သွေးက ကောင်းကျိုး ထက် ဆိုးကျိုးပို များတယ် ပြည်သူတွေအတွက် ပို အဆင်ပြေနိုင်မယ့် သဘာဝဓာတ်ငွေ့ ကိုပဲ ပိုလိုလားတယ်။ ခရိုနီတွေ သူတို့ အကျိုး စီးပွားတစ်ခုတည်းကို ကြည့်ပြီး မသိနားမလည်တဲ့သူတွေပေါ် အမြတ် ထုတ်တာတော့ ဘယ်ကောင်းမလဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြာ ရွာအုပ်ချုပ်ရေးမှူး ဦးတင့် ဇော်က မဟုတ်ပါဘူး၊ ရပ်မိရပ်ဖတွေက တောင်းတယ်၊ မြိတ်ခရိုင်ဒေသဖွံ့ဖြိုးရေး အကျိုးဆောင် အဖွဲ့က အကူအညီ တောင်းလို့ပါ တစ်အိမ်တစ်ယောက်ဆို တာလည်း မဟုတ်ပါဘူး၊ ရပ်မိရပ်ဖ တွေက ဆန္ဒရှိတဲ့သူကို လိုက်ပို့ပေးတာ ပါ” ဟု ပြောသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို အဖွဲ့အစည်းတစ်ခုမှ ဦးဆောင်ကြောင်း မြိတ် မြို့ပုလဲရတနာခန်းမရှေ့တွင် လူစုပြီး ကွက်သစ်လမ်းဆုံအထိ လူဦးရေ ၂၅၀ ဝန်းကျင် စီတန်းလှည့်လည်ဆန္ဒဖော် ထုတ်ခဲ့ကြောင်း၊ ပါဝင်သူများမှာ ခရိုနီ များ၏ ခိုင်းဖတ်များ၊ ကျောက်ဖြာရွာ၊ လော့လော့ရွာ၊ ပင်းအိုရွာ၊ အထူးဆိပ် ရွာ၊ ကျွဲကူးရွာရှိ ပြည်သူများကို ရပ်ရွာ အုပ်ချုပ်ရေးမှူးများထံတစ်ဆင့် စည်းရုံး ခေါ်ယူထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျွန်တော်တို့ နိုဝင်ဘာ ၄ ရက်နေ့ ပြတုန်းက မိုက်မသုံးပါဘူး၊ အခုကျ တော့FMမိုက်ခ်တွေနဲ့ဆိုတော့ တစ်မျိုး ပေါ့၊ လှုံ့ဆော်တာတွေ၊ ကြိုတင်ဖြန့်ဝေ တာတွေလည်း မလုပ်ရဘူးလို့ ပြော တယ်၊ အခု ဒီအဖွဲ့က ကားတွေနဲ့ ရွာ တွေမှာ မလိုက်မနေရ လိုက်ခေါ်တယ် လို့ ကြားတယ်။ ဒါကျတော့ အရေး မယူဘူး၊ ဒီကျောက်မီးသွေးက လူထု အတွက် အန္တရာယ်ကြီးမားတာကို သိ ရက်သားနဲ့ လက်ခံတယ်ဆိုတော့ တော် တော်အခြေအနေဆိုးသွားပြီ” ဟု မြိတ် ခရိုင် ၈၈ မျိုးဆက် ကိုအောင်နိုင်ဦးက သုံးသပ်ပြောဆို ထားသည်။
  Source: The article first appeared on N/A
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map