Home »
သတင်း
» ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတွင် စိန်ဖူးတော်တစ်ခြမ်းပဲ့ကျသွားခဲ့
ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတွင် စိန်ဖူးတော်တစ်ခြမ်းပဲ့ကျသွားခဲ့
ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သောပြင်းအား၇အဆင့်ရှိငလျင်ကြောင့် တည်ဆောက် ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။
From -TheVoice
==========================================================================
ငလျင်နောက်ဆက်တွဲသတင်း : ရွှေဘို မြို့ထောင့်စေတီ
မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးတော်စောင်းသွားပြီး
စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က
ဖုန်းဖြင့် ပြောကြားသည်။
ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော
ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး
လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း
အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။
From -7DayNewsJournal
0 comments:
Post a Comment