ကိုယ့်မြန်မာကို အားပေးတာ အားပေးတာပေါ့။ သူများမျက်စိ စပါးမွှေးစူးလောက်အောင်တော့မလုပ်သင့်ဘူးလို့ကျွန်မ
ထင်ပါတယ်။အထူးသဖြင့် Miss international Facebook Public page မှာ သူများတွေက Virus လို့ ထင်ရလောက်
အောင်" မြန်မာ မြန်မာ မြန်မာ" ဆိုတာကို အခါ ၁၀၀ ရေးတာမျိုး။(အခု ဖယ်ရှား ခြင်းခံရလို့မရှိတော့ပါဘူး ပြီးတော့
မြန်မာမပါတဲ့ ဓာတ်ပုံမှာ " မြန်မာ မြန်မာ မြန်မာ" လို့အော်ချင်ရာ အော်တာမျိုးတွေကြောင့် မြန်မာတွေ
မျက်စိမပါဘူးလား။ စာမတတ်ဘူးလား လို့ထင်သွားပါလိမ့်မယ်။ ကျွန်မတို့တွေ ကပ္ပလီတွေကို ရိုင်းတယ်သွေးဆိုးတယ်
ဆိုပြီး ကြည့်မရ အထင်သေး သလိုပေါ့။ ဘယ်သူမပြု မိမိမှုပါ။ မြန်မာတယောက်လာ ဒီအချိုး နှစ်ယောက်လာ ဒီအချိုး
ဆိုကြာရင် နိုင်ငံတကာက မြန်မာဆိုတာ ဒီလို ပေါကြောင်ကြောင်လူမျိုးတွေပါလားလို့ မှတ်ယူသွားပါလိမ့်မယ်။ကိုယ့်
လူမျိုးကိုအဲ့ဒီလိုအထင်မခံစေချင်ပါဘူး။ Miss international Facebook Public page ဆိုတာ တစ်ကမ္ဘာလုံးကလူတွေ
လာကြည့်ကြတဲ့နေရာပါ။
သူcမျှာလဲရှက်ရှာမှာပေါ့။ နင့်လူမျိုးတွေက ဒီလိုလားဟဲ့ ဆိုပြီး။ အဝေးရောက်နေတဲ့ ကိုယ့်ညီမလေးကို ကိုယ့်ရဲ့
မဆင်မခြင်လုပ်ရပ်တွေကြောင့် သူများတွေက အမြင်ကတ်ပြီး ဝိုင်းအနိုင်ကျင့်ကြတာ သင်အဖြစ်ခံနိုင်သလား။
ပြီးတော့ မယ်တိုင်းက ကိုယ့် ဓာတ်ပုံတက်လာရင် ကိုယ့်ကို ကိုယ့်လူမျိုးတွေက ဘယ်လောက်ဝိုင်းပြီး အားပေးကြ
တယ် ဆိုတာသိချင်ကြတာချည်းပါပဲ။ အားပေးတဲ့စာတွေကို ဖတ်လိုက်ရင် မဆီမဆိုင် " မြန်မာ မြန်မာ မြန်မာ"
ဆိုပြီး ပေါက်တက်ကရတွေတက်တက်အော်နေတော့ ဓာတ်ပုံထဲမှာ မြန်မာလဲ မပါပဲနဲ့ဆိုပြီး လှောင်ချင်စရာ ၊
ဟားချင်စရာ ဖြစ်ပါတယ်။ ပြီးတော့ သူများလူမျိုးကို မကြိုက်ရင်မကြည့်ပါနဲ့။ သူများဓာတ်ပုံအောက်မှာ မလှဘူး
ဘာညာကွိကွဆိုပြီး ရေးတာမကောင်းပါဘူး။ ကိုယ့်ဓာတ်ပုံအောက်မှာဒီလိုလာရေးရင် ကိုယ်ကောသဘောကျလား၊
လက်ခံနိုင်သလား။
ကျွန်မက သူငယ်ချင်းကို ဒီ link မှာ လူမျိုးခြားနှစ်ယောက်က မြန်မာတွေကိုဝေဖန်ပုံ ကို ကြည့်ခိုင်းလိုက်တော့ သူက
ဓာတ်ပုံတိုင်းကိုကြည့်ဖို့ ပြန်ပြောပါတယ်။ ကျွန်မလဲ ဓာတ်ပုံတိုင်းကိုကြည့်ကြည့်တော့ ပုံတိုင်း မြန်မာလို့ ထအော်
ထားတာ တွေ့ ရပါတယ်။
Miss International Beauty Pageant Page မှ comments တချို့
လူမျိုးခြားတယောက်က "ဒီဓာတ်ပုံမှာ မြန်မာမယ် ပါလို့လား။ ဒီဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးလေးတွေကလဲ
အားပေးခြင်းခံသင့်ပါတယ်။ ဒီလို မြန်မာမယ် ဆိုပြီး ခဏခဏကြားနေရတာ စိတ်ပျက်ငြီးငွေ့စရာပါပဲ။ အကယ်၍များ
ဒီဓာတ်ပုံထဲမှာ မြန်မာမယ် ပါလို့ရှိရင်၊ ငါတို့အားလုံး ဝိုင်းပြီးအားပေးလို့ရပါတယ်။ ဒါပေမယ့် သူမပါတဲ့အခါမျိုးမှာ
ဘာအဓိပ္ပာယ်ရှိမှာလဲ။ မြန်မာပြည်ကလူတယောက်မှသူတို့ကိုသူတို့ ငြီးငွေ့ စရာအလွန်ကောင်းတယ်ဆိုတာ
သတိမထားမိကြဘူးလားမသိဘူး။
အဲ့ဒီမှာ နောက်တယောက်က "ဟုတ်တယ် ဒေါက်တာရေ ။ မြန်မာလူမျိုးတွေက ဓာတ်ပုံတွေမှာ မြန်မာမယ်ပါပါ
မပါပါ နေရာတကာ စုပြီးဝိုင်းရေးနေကြတယ်။ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။ သူတို့က လူဂရုစိုက်ခံချင်လို့
တမင်သက်သက် လုပ်နေသလား ၊ ဒါမှမဟုတ် သူတို့ရဲ့ မယ်က အချောဆုံး အလှဆုံး ဆိုတာကို လူတကာကို ပြော
ချင်လို့လား ကျွန်မတော့မသိတော့ဘူး ။ တကယ်တော့ တခြားမယ်တွေက မြန်မာမယ်ထက်အများကြီးသာပါတယ်။
ကျွန်မသူငယ်ချင်းက ညည်းပါတယ်။ "စိတ်ညစ်ပါတယ် သူငယ်ချင်းရာ မြန်မာမယ်က တော့ Miss International
Beauty Pageant website မှာ ပေါ်ပြူလာမဖြစ်ပဲ မဆင်မခြင်လူတစုကြောင့် ဒုက္ခရောက်ပါပြီ။"
အခုဆိုရင် မြန်မာမယ် ဓာတ်ပုံကို တခြားသူတွေလောက် ဖော်ပြခြင်းမရှိတော့ပါဘူး။ လူတွေအားလုံးသတိထားမိကြ
မှာပါ။ တော်တော်စိတ်မကောင်းစရာပါပဲ။ ကြာရင် vote တွေလဲအသိအမှတ်ပြုချင်မှပြုပါတော့မယ်။
ကိုယ့်မြန်မာတွေကို စည်းကမ်းရှိစေချင်ပါတယ်ရှင်။ အေးဆေးထိုင်ပြီးအားပေးလို့ရပါတယ်ရှင်။ အသံကြောင့်ဖား
သေတဲ့။စကားပုံလေးလဲကြားဘူးကြမှာပေါ့။ အားလုံးကို ကောင်းစေချင်တဲ့ စေတနာနဲ့ရေးလိုက်တာပါ။ ကျွန်မကို
ဘယ်နှစ်ယောက်လောက်က ဝိုင်းဆဲကြအုံးမလဲမသိပါဘူး။ ကိုယ့်လူမျိုးအကြောင်းကိုယ်ပဲသိတယ်။
ဒါကြောင့် တတ်နိုင်ရင် မြန်မာမယ် မပါတဲ့ ဓာတ်ပုံ အောက်မှာ comments တွေဘလပွနဲ့ "မြန်မာ မြန်မာ" လို့မအော်ပါ
နဲ့ လို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်ရှင်။
ကျွန်မက မြန်မာလူမျိုးဖြစ်လို့ ကိုယ့်မြန်မာတွေရဲ့စိတ်ကို ကောင်းကောင်းသိပါတယ်။ မြန်မာတွေက ပွင့်လင်းတယ်။
ရိုးသားတယ်။ စိတ်ထဲရှိရင် ရှိတဲ့အတိုင်းပြောတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ တခုဖြစ်နိုင်တာက ကိုယ့်သူငယ်ချင်း
တယောက်က "မြန်မာ မြန်မာ" အော်လိုက်လို့ ကိုယ်က အပေါ်က ဓာတ်ပုံ တွေ ဝေဖန်မှူတွေကိုသေချာမကြည့်မိပဲ
အလျှင်စလို ဝင်ပြီး comments ပေးမိတာမျိုး၊ အားပေးမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အလျှင်စလို
commentsမပေးကြပါနဲ့လို့။ မေတ္တာရပ်ခံပါတယ်ရှင်။
ကျေးဇူးပြုပြီး ဝေမျှပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။


www.facebook.com/notes/wewe-peace/%E1%80%A1%E1%80%9E%E1%80%B6%E1%80...http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1792292&xgs=1&xg_source=msg_share_post


0 comments:
Post a Comment