<div style='background-color: none transparent;'></div>

Home » » လူသေမောင်းတဲ့ ကားကို လိုက်ဖမ်းခဲ့ရတဲ့ Vegas ရဲ

လူသေမောင်းတဲ့ ကားကို လိုက်ဖမ်းခဲ့ရတဲ့ Vegas ရဲ

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက Las Vegas ရဲတစ်ဦးဟာ သူ့ရဲ့ ရဲကားနဲ့ ကင်းလှည့်နေစဉ် မောင်းသူမပါဟု ယူဆရတဲ့ Nissan Maxima မော်တော်ကား တစ်စီး မီးနီဖြတ် မောင်းလာတာကို တွေ့ခဲ့ရပါတယ်။

ဒါဟာ သာမန် ယာဉ်စည်းကမ်းချိုးဖောက်မှု တစ်ခု မဟုတ်ပါဘူးလို့ လူသတ်မှု ဌာနက ရဲအရာရှိ Ray Steiber က ပြောကြား ခဲ့ပါတယ်။

အဆိုပါ Maxima ကားဟာ ယဉ်မောင်းထိုင်ခုံမှာ လူလိုက်ပါခြင်း မရှိဘဲ မာတင် လူသာကင်း လမ်းမကြီး အတိုင်း တောင်ဘက် သို့ မောင်းနှင်သွားတာကို တွေ့ရတဲ့အခါ ကင်းလှည့်ရဲ အရာရှိဟာ လန့်ဖျပ်သွားခဲ့တယ်လို့ သိရပါတယ်။


ယင်းရဲအရာရှိဟာ သူ့ရဲ့ ကင်းလှည့်ယာဉ်နဲ့ Maxima ကားရဲ့ နောက်က လိုက်သွားခဲ့တဲ့အခါ Maxima ကားဟာ လမ်းလယ်တုံး ကို ဖြတ်ကျော်ပြီး တစ်ဖက်ယာဉ်ကျောကို ဖြတ်ကာ ဘုရားကျောင်းတစ်ခု အနီးက မြက်ခင်းဘက်ကို ဦးတည်သွား ခဲ့ ပြန်ပါတယ်။

သို့သော်လည်း ကားဟာ ရပ်မသွားဘဲ မာတင် လူသာကင်း လမ်းမကြီးအတိုင်း မြောက်စူးစူးကို ပြန်လည် မောင်းနှင်သွားပြီး ဂျင်မီ ရိပ်သာလမ်းနဲ့ မာတင် လူသာကင်း လမ်းမကြီး ဆုံရာအနီးမှာ အခြား ကားတစ်စီးကို ဝင်တိုက်ခဲ့ပါတယ်။

Maxima ကား ရပ်သွားတဲ့အတွက် ရဲအရာရှိက ကားအတွင်းကို ကြည့်လိုက်တဲ့ အခါမှာတော့ ယာဉ်မောင်း ထိုင်ခုံပေါ်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံ ထားရလို့ ပျော့ခွေ နေတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ရ ပါတော့တယ်။

အသက် ၃၀ အရွယ်ခန့်ရှိတဲ့ အဆိုပါ အမည်မသိသူဟာ ၎င်းကို ရဲအရာရှိက တွေ့ရှိချိန်မှာ သေဆုံးနေပြီလို့ သိရပြီး ယာဉ်တိုက် မှုကြောင့် အခြား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။

ကြက်သွေးရောင် Maxima ကားရဲ့ ယာဉ်မောင်းဘက်အခြမ်း ကိုယ်ထည်မှာ သေနတ် ကျည်ဆံဖောက်ရာများ တွေ့ရတယ်လို့ လည်း Steiber က ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံရသူဟာ ကားရဲ့ accelerator ခြေနင်းကို နင်းထားချိန်မှာ အပစ်ခံရတာ ဖြစ်နိုင်ပြီး မီးနီဖြတ်မောင်းချိန်မှ ယာဉ် ရပ်တန့်သွားချိန်အထိ လိုက်လံ ဖမ်းဆီးချိန် ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိသာ ကြာမြင့်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စုံစမ်းနေပြီး သေဆုံးသူဟာ ကားပေါ်မှာ ဘယ်လောက်ကြာကြာ သတိလစ် မေ့မြော နေပြီး မည်သည့် အချိန်ကတည်းက သေနတ်ဖြင့် ပစ်ခံခဲ့ရတယ်ဆိုသည်ကို မသိသေးကြောင်းလည်း Steiber က ပြောကြားခဲ့ပါတယ်။

Steiber ရဲ့ အဆိုအရ Las Vegas ရဲတပ်ဖွဲ့ဟာ Maxima ကားကို မတွေ့မီ အချိန်ပိုင်းအတွင်းမှာပဲ သေနတ် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း 911 သို့ ဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့တယ်လို့လည်း သိရပြီး မာတင် လူသာကင်း လမ်းမကြီးရဲ့ မြောက်ဘက်ပိုင်း Lake Mead လမ်းဆုံ တစ်နေရာက ခေါ်ဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ သိရှိပါက Las Vegas မြို့ ရဲတပ်ဖွဲ့ လူသတ်မှုဌာနသို့ သတင်းပေးပို့ကြn ရန် ကြေညာထားကြောင်းလည်း သိရပါတယ်။

By Shwelone.com (ရွှေလုံး)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map