<div style='background-color: none transparent;'></div>

Home » » Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ

Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း
၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အ
နှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။

ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။

အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ ရေငုံ နှုတ်ပိတ်လျက်ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထားသည်။

By သစ်ထူးလွင်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map