<div style='background-color: none transparent;'></div>

Home » » Facebook နှင့် Twitter ကို လူအများ စိတ်ဝင်စား

Facebook နှင့် Twitter ကို လူအများ စိတ်ဝင်စား

အွန်လိုင်း ပေါ်တွင် စိတ်ဝင် စားစရာ ကောင်းသော အရာများကို လေ့လာ နေသော အဖွဲ့၏ အဆိုအရ ယနေ့ ခေတ် (အင်တာနက်ခေတ်) လူနေမှု ဘဝ ပုံစံများ ပြောင်းလဲ လာသည်နှင့် အမျှ  အင်တာနက်ကို သုံးစွဲ ကြသော လူအများ စုသည် လိင်မှု ကိစ္စထက် Facebook နှင့် Twitter တို့ကို အဓိကထား သုံးစွဲ ကြကြောင်း သိရသည်။
Chiago Booth School of Business တက္ကသိုလ်က ဂျာမနီ နိုင်ငံတွင် တစ်ပတ်ကြာ စစ်တမ်း ကောက်ယူမှု များအရ လူမှု ကွန်ရက် အတွင်း  စာဝင်ရောက် ရေးသားခြင်း၊ ပုံဝင်ရောက် ကြည့်ရှုခြင်း၊ ကွန်းမန့် ရေးသား ခြင်းနှင့် အခြား ပို့စ်များ ဝင်ရောက် ကြည့်ရှုခြင်း တို့သည်
စီးက ရက် သောက်ခြင်းနှင့် လိင်မှုကိစ္စထက် ပိုမို စိတ်ဝင် စားမှု များပြား လာကြောင်း လေ့လာ တွေ့ရှိ ရသည်ဟု ဆိုသည်။
အဖွဲ့ ဦးဆောင်သူ Wilhelm Hofmann က မီဒီယာ၏ မြင့်မားသော ဝန်ဆောင်မှုနှင့် အချို့ လုပ်ငန်း များသည် ဆေးလိပ် သောက်ခြင်း၊ အ ရက် သောက်ခြင်း တို့ထက် ငွေကြေး သက်သာ သည်ကို တွေ့ရှိ ရကြောင်း ပြောကြား သည်။ အသက် ၁၈ မှ ၈၅ နှစ် အတွင်းရှိ သူများသည် အွန်လိုင်း ရှိ မိမိတို့ ဝင်ရောက် ထားသော ကွန်ရက်များကို အသုံးပြုရန် စမတ်ဖုန်း ကိုလည်း အသုံးပြု ကြကြောင်း လေ့လာ သူများက တွေ့ရှိ ကြသည်။ လေ့ လာသူ များသည် လိင်မှုကိစ္စ၊ အရက်၊ စီးကရက်နှင့် အခြား မူးယစ် စေတတ်သော အရာများ အပေါ် စိတ်ဝင် စားမှု များကိုလည်း တိုင်းတာ ခဲ့ကြသည်။  Facebook နှင့် Twitter တို့သည် အထက်ပါ အချက်များကို ရင်ဆိုင် အံတု နိုင်သည့် အကောင်းဆုံးသော  လူမှု ကွန်ရက် ဖြစ်ကြောင်း တွေ့ရှိ ရ သည်။ လေ့လာမှု၏ အဆိုအရ လူအများသည် အလုပ် မရရှိ လာသော စိတ်ဖိစီးမှု များကို ဖြည်လျော့ရန် လိင်မှု ကိစ္စ၊ ဈေးဝယ် ထွက်ခြင်းနှင့် အခြားသော ပျော်စရာများ အပေါ် မှီခိုလျက် ရှိကြောင်း သိရသည်။
မြ၀တီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map