<div style='background-color: none transparent;'></div>

Home » » အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး

အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး

မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထားတဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အသက်ဆုံးရှူံးသွားသည်ဟု သိရသည်။

အဆိုပါ ကလေးအမေသည် မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏ ဇနီး Pi Khin Mar Htwe ဆိုသူ ဖြစ်ပြီး ရွာတွင် ကလေး မမွေးနိုင်သောကြောင့် မတူပီ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် လာရောက်သူဖြစ်ကြောင်း သိရသည်။
“ ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲ ထွက်သွား တာလေ၊ လူနာကို မနက် ၁၀ နာရီမှာ ခွဲဖို့ ပြင်ထားတာ၊ အချိန်မှီ မခွဲလို့ ကလေးအမေက ဆုံးသွား တာ နေမှာပါ ” ဟု ဒေသခံတဦးက ပြောသည်။
ကလေး အမေ ဆုံးကာစတွင် ဗိုက်ထဲ ကလေးက လှုပ်နေသဖြင့် ဆရာဝန်က ကလေးကို ခွဲ ထုတ်သော်လည်း ကလေးပါ ဆုံးပါးသွားကြောင်း သိရသည်။
ထို့အပြင် ဆရာဝန်သည် နယ်တာဝန်ကျ ကျန်းမာရေး ၀န်ထမ်းများနှင့်အပေးအယူလုပ်ပြီး အဆိုပါ ၀န်ထမ်းများအား မိမိတို့ ကြိုက်နှစ်သက်သည့် နေရာတွင် တာဝန်ချလေ့ရှိကြောင်း ပြောကြသည်။
“ ကျတော်တို့ရွာကို သားဖွားဆရာမ မလာတာ နှစ်နဲ့ချီပြီ၊ ဆရာဝန်နဲ့ နားလည်မှု ယူထားလို့ ဆိုပြီး သူ့ရွာမှာပဲ အေးအေး ဆေးအေးနေနေတယ်” ဟု ဒေသခံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။
မြို့နယ်ဆရာဝန်သည် အလုပ်ချိန်တွင် အလုပ်ချိန်မှန်းမသိပဲ ဂေါက်ရိုက်၊ အရက်သောက်လေ့ရှိ သူဖြစ်ကြောင်း သူ့ကြောင့် ကလေးအမေတဦး ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ဘူးကြောင်း ဒေသခံများအဆိုအရ သိရသည်။
From-ChinNewsgroup
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map